ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်အမိုက်ဆုံးလို့ မှတ်ယူထားတဲ့ အာဖရိကအမျိုးသား

30-7-2020-yyl-001.jpg

ဖက်ရှင်က ကျွန်တော်တို့ဘဝမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အရေးပါပါတယ်။ ကျွန်တော်တို့ဝတ်ဆင်လိုက်တဲ့အရာက ကျွန်တော်တို့က ဘယ်သူဆိုတာ အဓိပ္ပာယ်သတ်မှတ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က သူ့စတိုင်နဲ့သူ သူ့အလှနဲ့သူရှိကြပါတယ်။ ဖက်ရှင်စတိုင်အမိုက်ဆုံးသူအဖြစ် သင်သတ်မှတ်ခံရဖူးလား။ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့က ဂျိမ်းစ် မိုင်းနာ မာဝမ်ကီ (James Maina Mwangi) ဆိုတဲ့ အမျိုးသားကတော့ အာဖရိကနိုင်ငံမှာ ဖက်ရှင်စတိုင်အမိုက်ဆုံး အမျိုးသားအဖြစ် ကိုယ့်ကိုယ်ကိုယ် ယူဆထားပါတယ်။

ဂျိမ်းစ် မိုင်းနာက သူများနဲ့မတူတဲ့ ဖက်ရှင်အမြင်ရှိတဲ့အတွက် လူသိများလာခဲ့တာဖြစ်ပါတယ်။ သူက နေ့တိုင်း ခေါင်းစခြေအဆုံး လိုက်ဖက်စွာဝတ်ဆင်ဖို့အတွက် ရောင်စုံလင်တဲ့ဝတ်စုံ ရာကျော်ရှိပါတယ်။ ဝတ်စုံ၊ ဦးထုပ်၊ နက်ကတိုင်ကစလို့ ဖုန်းကာဗာအထိ အရာအားလုံးက အရောင်လိုက်ဖက်ညီနေပါတယ်။

၂၀၁၈ခုနှစ်က ဂျိမ်းစ် မိုင်းနာက BBC နဲ့ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ဦးထုပ် (၃၀၀)၊ ဖိနပ် (၂၀၀) နဲ့ ဝတ်စုံ (၁၆၀) ကျော်ရှိတယ်လို့ ပြောခဲ့တာပါ။ သူ့ကို စတိုင်လန်းပြီး ကြည့်ကောင်းစေဖို့အတွက် ဝတ်စုံ၊ ဖုန်းကာဗာ၊ ဘောပင်၊ နာရီလို အခြားအသုံးဆောင်ပစ္စည်းတွေက တစ်ရောင်တည်းပါပဲ။ သူ့ဖက်ရှင်စတိုင်က ခေါင်းအစခြေအဆုံး တစ်ရောင်တည်းပဲ ဝတ်ဆင်တဲ့အတွက် သူ့ကို လူတွေက သတိထားမိတာပါ။ သူက သူ့ရဲ့ဖက်ရှင်စတိုင်ရွေးချယ်မှုကြောင့် တစ်ကမ္ဘာလုံးမှာ မဟုတ်ရင်တောင် အာဖရိကမှာ ဖက်ရှင်စတိုင်အမိုက်ဆုံး အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဝတ်စုံအရောင် တောက်တောက်တွေက သူ့ကို လူကြားထဲမှာ ထင်ပေါ်နေစေပါတယ်။ ဂျိမ်းစ် မန်းနီက အခုထိလည်း အဲဒီလိုဖက်ရှင်စတိုင်မျိုးပဲ ဝတ်ဆင်နေတုန်းပါပဲ။ ကပ်ရောဂါဖြစ်နေတဲ့အတွက် Mask ကလည်း သူ့ဝတ်စုံ၊ အသုံးအဆောင်တွေနဲ့ တစ်ရောင်တည်းဖြစ်ပါတယ်။ အဲဒီဖက်ရှင်စတိုင်ကြောင့်ပဲ လူမှုကွန်ယက်ပေါ်မှာလည်း လူပြောများနေတာဖြစ်ပါတယ်။ ဒေသခံတွေက သူ့အဖေဟာ ဆင်းရဲတဲ့ အလွတ်တမ်းဖိုက်တာတစ်ယောက်ဆိုတာ သိခဲ့တဲ့အတွက် သူ ဝတ်ဆင်တဲ့ဖက်ရှင်ကို ကြည့်ပြီး ရယ်မောကြမှာဖြစ်ပြီး အခြားသူတွေနဲ့ မတူတဲ့ပုံစံမျိုး ဖြစ်ချင်ခဲ့တယ်လို့ ဂျိမ်းစ် မန်းနီက ပြောပါတယ်။

တွစ်တာမှာ ဂျမ်းစ်ရဲ့ပုံတွေက တစ်ရက်တည်းနဲ့ Like (၃) သိန်းကျော်ရရှိခဲ့တဲ့အပြင် ဖက်ရှင်နဲ့ပတ်သက်ရင် ဂျိမ်းစ်က တစ်ခြားသူတွေနဲ့ လုံးဝကွဲထွက်တယ်လို့လည်း အင်တာနက်အသုံးပြုသူတွေက ဆိုပါတယ်။ ဂျိမ်းစ် မန်းနီက ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောတာက “ဒီကနေ့ ကျွန်တော့်လိုဖြစ်ဖို့အတွက် အရာ (၃) ခုကို ဘုရားသခင်ကို တောင်းဆိုရပါမယ်။ အမြင်၊ ရွေးချယ်မှု၊ ဉာဏ်ပညာ” တဲ့။

Ref: Boredpanda “Meet James Maina Mwangi, A Man From Nairobi, Kenya Who Describes Himself As The Most Stylish Man In Africa”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top