လေယာဉ်စက်ပြင်ဆရာအဖြစ် ၇၅ နှစ်ကြာ လုပ်ခဲ့ပြီး ဂင်းနစ် စံချိန်တင်ခဲ့တဲ့ အဖိုးအို

IMG_0135-678x381.jpg

American Airlines မှာ စက်ပြင်ဆရာ အဖြစ် ၇၅ နှစ်ကြာလုပ်ကိုင်ခဲ့ပေမဲ့ အဲဇ်ရေးလ် အဲဘလက် (Azreil “Al” Blackman) ကတော့ သူအနေ့နဲ့ အနားမယူချင်သေးဘူး လို့ဆိုခဲ့ပါတယ်။ အသက် ၉၁ နှစ် တိတိ ရှိနေပြီဖြစ်တဲ့ အဲဘလက်ဟာ အမေရိကန်လေကြောင်းလိုင်းမှာ လေယာဉ်ပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ရေး နည်းပညာရှင် အဖြစ်လုပ်ကိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အဲဘလက်ဟာ American Airlines ရဲ့ သမိုင်းဝင် လေယာဉ်တွေဖြစ်တဲ့ jumbo jet, Boeing 747 စတဲ့ လေယာဉ်များကို ပြုပြင် ထိန်းသိမ်းခဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ရ၅ နှစ်ကြာ အလုပ်သက်တမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင် ၁၈ ရက်နေ့မှာ American Airlines က Boeing 777 လေယာဉ်တံခါးပေါက်ဘေးမှာ သူ့ရဲ့နာမည်ကို ရေးထွင်းပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

Boeing 777 လေယာဉ်ဟာ လူပေါင်း ၂၄၇ ယောက်ကို သယ်ဆောင်နိုင်တဲ့ လေယာဉ်တစ်စီးဖြစ်ပြီး ဒီ လေယာဉ်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက် အဲဘလက်ရဲ့ နာမည်နဲ့ လက်မှတ်ဟာ လေယာဉ် တံခါးပေါက်ဘေးမှာ ရေးထွင်းထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂင်းနစ်မှတ်တမ်းစာအုပ်ကလည်း အဲဘလက်ကို သက်တမ်းအကြာဆုံး လေကြောင်းစက်ပြင်ဆရာ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ ဖွင့်ပွဲအပြီးမှာပဲ လေကြောင်းလိုင်းမှ ထို Boeing 777 လေယာဉ်နဲ့ အဲဘလက်ကို လန်ဒန်သို့ အလည်ခရီးစဉ်အဖြစ် ပို့ပေးခဲ့ပါတယ်။ ဘလက်မန်းဟာ အနားယူဖို့အစီအစဉ် မရှိသေးကြောင်းပြောဆိုခဲ့ပြီး “အနားယူခြင်းရဲ့ အဓိပ္ပါယ်ကဘာလဲ။ တကယ်လို့ အနားယူရရင် အိမ်မှာ ဘာလုပ်ရမလဲ။ အိမ်မှာနေပြီး TV ထိုင်ကြည့်နေရမှာလား။ ကျွန်တော် ဒါမျိုးတော့ မလုပ်ချင်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

Ref : ABC News : American Airlines dedicates Boeing 777 to 91-year-old mechanic for 75 years of service

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top