COVID-19 တိုက်ဖျက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် Mega Lifesciences က Nat C ဆေးဗူးများထောက်ပံ့လှူဒါန်း

Nat-C-Donation-at-Yangon-Fever-Clinic_ရန်ကုန်ဖျားနာလူနာများ-ကုသမှုဗဟိုသို့-ပေးအပ်လှူဒါန်းစဉ်.jpg

Mega Lifesciences Ltd (Myanmar) ဆေးဝါးကုမ္ပဏီကြီးက ကမ္ဘာ့ကူးစက်ရောဂါ COVID- 19 ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံများ၊ ကျန်းမာရေးဓာတ်ခွဲခန်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဗီတာမင်စီ (၁,၀၀၀) မီလီဂရမ် Nat C ဆေးဗူးတွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ဆေးတစ်ဗူးမှာ ဆေးတောင့် (၃၀) ပါဝင်တဲ့ Nat C ဆေးဗူးပေါင်း (၁,၄၄၀) ကို ရန်ကုန်မြို့အနှံ့ အပြားရှိဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အဓိကရည်ရွယ်ပြီး ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

ဗီတာမင်စီ (၁,၀၀၀) မီလီဂရမ် Nat C ကို တောင်ဥက္ကလာပဆေးရုံကြီး COVID အထူးကုစင်တာ၊ ဝေဘာဂီဆေးရုံကြီး COVID အထူးကုစင်တာ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ အင်းစိန်ဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကုတင်(၅၀၀) ရန်ကုန်အထူးကုဆေးရုံကြီး၊ ရန်ကုန် အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ သင်္ကန်းကျွန်းဆေးရုံတိုက ဆေးပညာဌာနများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနဲ့ ရန်ကုန်ဖျားနာလူနာများကုသမှု(ဗဟို) အသီးသီးတို့မှာ လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Mega Lifesciences Ltd ရဲ့ Nat C က သဘာ၀ ဗီတာမင်စီ (၁,၀၀၀) မီလီဂရမ် ပါဝင်တဲ့အတွက် အကောင်းဆုံးကိုယ်ခံစွမ်းအားကို ရရှိစေခြင်း၊ နှင်းဆီသီးပါဝင်ပြီး Buffered Form ဖြင့်ထုတ်လုပ် ထားခြင်းကြောင့် အက်စစ်ဓာတ်လွန်ကဲခြင်း မရှိတဲ့အတွက် အစာအိမ်ရောဂါရှိသူတွေအတွက်လည်း သင့်တော်တယ်လို့ သိရပါတယ်။

Nat C (၁,၀၀၀) မီလီဂရမ် ကို တစ်နေ့တစ်လုံး အစာစားပြီးတိုင်း ပုံမှန်သုံးစွဲမယ်ဆိုရင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အအေးမိ၊ တုပ်ကွေးဖျားနာများမှ ကာကွယ်ပေးနိုင်ခြင်း၊ စိတ်ကိုကြည်လင် လန်းဆန်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတယ်လို့လည်းသိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top