ရုပ်ရှင်၊ ဗွီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေကို ပြန်လည်ရိုက်ကူးခွင့်ပြု

27-7-2020-yyl-033.jpg

ရန်ကုန် ဇူလိုင် ၂၇


COVID-19 ကြောင့် ရပ်နားထားရတဲ့ ရုပ်ရှင်၊ ဗွီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဇူလိုင် ၂၇ ရက်ကစတင်ပြီး ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်ပြီလို့ သတင်းရရှိပါတယ်။

အခုလို ရိုက်ကူးနိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြုစုထားတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်သံ ဇာတ်လမ်းတွဲတွေရိုက်ကူးရာမှာ လိုက်နာဆောင်ရွက်ရမယ့် လက်စွဲစာစောင်နဲ့ Checklist တွေကိုလည်း ပေးပို့ဖြန့်ဝေ ထားပြီလို့ ထုတ်ပြန်ထားပါတယ်။

ရိုက်ကူးမှုတွေကို လိုအပ်သလို လာရောက်စစ်ဆေးနိုင်ဖို့အတွက် ရိုက်ကူးမယ့်ဇာတ်ကား၊ အမည်၊ နေရာ၊ အချိန်၊ ပါဝင်မယ့်လူအရေအတွက်ကိုလည်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကို အနည်းဆုံး တစ်ပတ်ကြိုတင်ပေးပို့ရမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရိုက်ကူးရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဖြန့်ဝေထားတဲ့ လက်စွဲစာစောင်နဲ့ Checklist တွေအတိုင်း လိုက်နာကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ လာရောက်စစ်ဆေးမှုတွေကို စနစ်တကျပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း မှာကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top