ခင်ပွန်းဖြစ်သူရဲ့ဖုန်းကို ခိုးကြည့်မိလို့ ထောင်ကျသွားတဲ့ ဇနီးသည်

43032690_2232584580293369_7891027057981784064_n.jpg

ယူအေအီးနိုင်ငံရဲ့ရာဆာ ခိုင်းမာ (Ras Al Khaimah) မြို့ တရားရုံးတစ်ခုဟာ အမျိုးသမီးတစ်ယောက်ကို ခင်ပွန်းသည်ရဲ့ဖုန်းကို ခိုးကြည့်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ ခင်ပွန်းဖြစ်သူက သူ့ရဲ့ ကိုယ်ပိုင်လုံခြုံရေး အချက်အလက် ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး တရားစွဲ ဆိုခဲ့တာဖြစ်ပြီး သူ(မ)ဟာ အဲဒီအတွက်ကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ခင်ပွန်းရဲ့ ထွက်ဆိုချက်အရ သူမသိလိုက်တဲ့အချိန်မှာ အမျိုးသမီးက သူ့ဖုန်းကို ယူကြည့်တဲ့အပြင် နောက်မှ သတ်သတ်ထပ်ကြည့်ဖို့အတွက်လည်း သူ့ဖုန်းထဲက ဒေတာတွေကို နောက်ဖုန်းတစ်လုံးထဲ ကူးပြောင်းခဲ့သေးတယ်လို့ ပြောပါတယ်။ သူအိပ်နေတဲ့အချိန်မှာလည်း သူ့အမျိုးသမီးက ဖုန်းထဲကို မွှေနှောက်ပြီး ကြည့်ရှုခဲ့သေးတယ်လို့ ပြောပါတယ်။

အမျိုးသမီးဘက်က ပြန်လည်ချေပချက်အရ အရင်တုန်းက သူ့ခင်ပွန်းနဲ့ တခြား အမျိုးသမီးတွေနဲ့ ဖုန်းထဲမှာ မတ်ဆေ့ခ်ျပို့ စကားပြောနေတာကို တွေ့ရှိပြီးကတည်းက ခင်ပွန်းဖြစ်သူဟာ သူ့ကို ဖုန်းရဲ့လျှို့ဝှက်နံပါတ်လည်း ပေးထားတဲ့အပြင် ကြည့်ခွင့်လည်း ပေးထားပြီးသားလို့ ပြောခဲ့ပါတယ်။

ယူအေအီးရဲ့ တင်းကျပ်တဲ့ ဆိုင်ဘာဥပဒေတွေအရ ပိုင်ရှင်ရဲ့ အခွင့်မရှိပဲ ဖုန်းကို ယူကြည့်တာဟာ ပြစ်မှုမြောက်ပါတယ်။ လက်ထပ်ပြီးသား စုံတွဲတွေတောင်မှပဲ မိမိရဲ့ ဇနီး ခင်ပွန်းဖောက်ပြန်နေတယ်လို့ သံသယရှိရင်တောင် ဖုန်းကို ယူကြည့်ခွင့် မရှိပါဘူး။

ယူအေအီးရဲ့ဥပဒေအရ ဘယ်လိုအွန်လိုင်း အချက်အလက်မဆို ပိုင်ရှင်ခွင့်ပြုချက်မရှိပဲ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုး၊ မိဘ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဘက် စသူတို့က ယူကြည့်ခဲ့ရင် အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ကိုယ်ပိုင် အွန်လိုင်း လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းလို့ ယူဆခံရကာ ပြစ်မှုမြောက်တာ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် ဩဂုတ်လမှာတော့ ယူအေအီးသမ္မတ ရှိတ် ခါလီဖာ (Sheikh Khalifa) က ထောင်ဒဏ် (၂၅) နှစ်အထိချမှတ်နိုင်တဲ့ ဆိုင်ဘာ ဥပဒေအသစ်တွေ ပြဌာန်းခဲ့ပါတယ်။

Ref: “Wife is jailed for three months or looking at her husband’s phone in UAE”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top