ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်နဲ့ ချဲလ်ဆီး၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံ

17.3.2023-yyl-iamge-26.jpg

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲမှုမှာတော့ ရီးရဲလ်နဲ့ ချဲလ်ဆီး၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံနေပါတယ်။ ရီးရဲလ်ဟာ ၁၆ သင်းအဆင့်မှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို ၂ ကျော့လုံးအနိုင်ယူ ကျော်ဖြတ်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ နောက်ထပ် ပရီးမီးယားလိဂ်ကလပ်နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုယာဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို စီးရီးအေကလပ် ၃ သင်းအထိ တက်ရောက်နိုင်ခဲ့တဲ့အနက် အေစီမီလန်နဲ့ နာပိုလီတို့ ပြန်တွေ့နေပြီး အင်တာမီလန်ကတော့ ဘင်ဖီကာနဲ့ ကစားရမှာဖြစ်ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top