ကစားသမားဘဝမှာ ဂိုး ၇၀၀ ပြည့်မြောက်ခဲ့တဲ့ မက်ဆီ

1-7-2020-yyl-011.jpg

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အက်သလက်တီကိုနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကစားသမားဘဝရဲ့ ၇၀၀ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ (၇၀၀) မြောက်သွင်းဂိုးကို ပါနန်ကာပင်နယ်တီကန်ချက်နဲ့ သွင်းယူခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ဂိုး (၆၃၀)၊ အာဂျင်တီးနားအသင်းအတွက် ဂိုး(၇၀) သွင်းယူထားပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာလည်း သွင်းဂိုး (၂၂)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဒီပွဲမှာ မက်ဆီဟာ ကစားသမားဘဝရဲ့ မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပေမဲ့ ဘာစီလိုနာအသင်းကတော့ နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲသရေကျခဲ့လို့ အဆင့်(၁) နေရာက ရီးရဲလ်အသင်းထက် တစ်ပွဲပို ကစားပြီး (၁)မှတ်လျော့နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top