လမ်းပတ်ရဲ့ဂိုးဖန်တီးမှု စံချိန်ကိုကျော်ဖြတ်ခဲ့တဲ့ အဲဗာတန်တိုက်စစ်မှုး ရွန်းနီ

pri_635314841.jpg

အဲဗာတန်အသင်းတိုက်စစ်မှုး ဝိန်းရွန်းနီဟာ ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးကွင်းလယ်လူ ဟောင်း ဖရန်လမ်းပတ် ရရှိထားတဲ့ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ပြုလုပ်တဲ့ ဂိုးဖန်တီးမှု စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဝိန်းရွန်းနီဟာ အဲဗာတန်အသင်းက ဆွမ်းဆီးကိုအနိုင်ရတဲ့ တနင်္လာနေ့ ညပိုင်းကစားခဲ့တဲ့ပွဲမှာ အသင်းဖော်တွေ ဂိုးရအောင်ဖန်တီးနိုင်ခဲ့ပြီးနောက် လမ်းပတ်ရဲ့ဂိုးဖန်တီးမှုစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ မန်ယူတိုက်စစ်မှုးဟောင်း ရွန်းနီဟာ ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှုပေါင်း ၁၀၃ ကြိမ်လုပ်ဆောင်နိုင်ခဲ့ပြီး လမ်းပတ်က ဂိုးဖန်တီးမှုပေါင်း ၁၀၂ ကြိမ်သာရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားတဲ့ ကစားသမားမှာ မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်ဖြစ်ပြီး ဂိုးဖန်တီးမှု ၁၆၂ ကြိမ်ရှိကာ ချဲလ်ဆီး ကွင်းလယ်လူဖာဘရီဂတ်က ဂိုးဖန်တီးမှု ၁၁၀ ကြိမ်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ပရီးမီယားလိဂ် သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးလုပ်ဆောင်ခဲ့သူတွေကတော့ ဂစ်၊ ဖာဘရီဂတ်ပြီးရင်   ရွန်းနီက တတိယနေရာမှာ ရပ်တည်နေပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Metro : Wayne Rooney surpasses Frank Lampard

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top