အီရန်ပုဂ္ဂလိကဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံး

1-7-2020-yyl-010.jpg

အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ အီရန်အရာရှိတွေက ပြောပါတယ်။ ဆိုင်နာအေသာဆေးရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမလားဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အီရန်ထိပ်တန်းအရာရှိတွေက ပြောပါတယ်။ မီးသတ်သမားတွေက ဆေးရုံမီးလောင်ကျွမ်းမှုကို နာရီတော်တော်ကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ သေဆုံးသူအများစုက အမျိုးသမီးတွေပါ။ ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်မှု ခံယူနေသူတွေ၊ သူတို့နဲ့အတူ ရှိနေသူတွေလည်း ပေါက်ကွဲမှုမှာ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံနားမှာ ပေါက်ကွဲမှုအကြီးအကျယ် ဖြစ်ပွားခဲ့လို့ တီဟီရန်တစ်မြို့လုံး သိမ့်သိမ့်တုန်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top