သူတို့အိမ်ရှေ့မှာ ချော်လဲသွားတဲ့ အစားအစာပို့ဆောင်သူ အမျိုးသမီးကြီးအတွက် မိသားစုတစ်စုက ရန်ပုံငွေ ဒေါ်လာ ၂ သိန်းကျော် ရှာဖွေပေး

18.2.2023-image-1.jpg

အစားအစာ လာပို့ရင်း သူတို့အိမ်ရှေ့မှာ ချော်လဲသွားတဲ့ အစားအစာပို့ဆောင်သူ အမျိုးသမီးကြီးအတွက် မိသားစုတစ်စုက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၆၃၀၀၀ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ်ရှိတဲ့ ဘာဘရာဟာ ကာရိုလိုင်းနားတောင်ပိုင်းပြည်နယ်မှာ Dominos ပီဇာကုမ္ပဏီရဲ့ အစားအစာပို့ဆောင်သူအဖြစ် အလုပ်လုပ်သူပါ။

အခုလအစောပိုင်းမှာ ဘာဘရာက လာစေးကစ်ဂရွန်တို့နေအိမ်ကို အစားအစာ လာပို့ရင်း အိမ်ရှေ့မှာ လဲကျသွားခဲ့တာပါ။ ကစ်ဂရွန်က အိမ်ရှေ့လူခေါ်ခေါင်းလောင်း ကင်မရာမှတ်တမ်းကို TikTok မှာ တင်ပြီး ဘာဘရာအတွက် ရန်ပုံငွေ ရှာဖွေခဲ့တာပါ။ စေတနာရှင်တွေရဲ့ လှူဒါန်းမှုကြောင့် ကစ်ဂရွန်အတွက် ရန်ပုံငွေ ဒေါ်လာ ၂၆၃၀၀၀ ကျော် ရရှိခဲ့ပါတယ်။
အဲဒီအတွက် ဘာဘရာဟာ ဖေဖော်ဝါရီလ ၁၆ ရက်မှာ နောက်ဆုံးအကြိမ် အလုပ်ဆင်းပြီးနောက် အလုပ်ကနေ အငြိမ်းစားယူခွင့် ရရှိသွားပါပြီ။ ဘာဘရာက ဥရောပတစ်ခွင် ခရီးထွက်ဖို့ အစီအစဉ်ရှိနေတယ်လို့ ကစ်ဂရွန်က ဆိုပါတယ်။

Ref: Family Raises Over $263,000 For 72-Year-Old Domino’s Employee Who Fell Delivering Pizzas

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top