မက္ကဆီကိုစီးတီးမြို့မှာ Interstellar လို့ အမည်ပေးထားတဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်။ ၂၀၁၄ ခုနှစ်က ထွက်ရှိတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား (Interstellar)အမည်အတိုင်း မှည့်ထားတာပါ။ ”ကြယ်တွေ ကြား”လို့ အဓိပ္ပာယ်ရတယ်။ စားသုံးသူတွေကို ကမ္ဘာ့အပြင်ဘက် ကြယ်တွေရဲ့ကြား ရောက်သွားရသလို ခံစားမှုမျိုး ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပြီး LED မီးသီး ၂ သိန်းခွဲကျော်နဲ့ ပုံဖော်ဖန်တီးခဲ့တာပါ။
မီးအလင်းရောင်တွေ ရောင်ပြန်နေအောင် မှန်စားပွဲတွေ ထည့်သွင်းထားပြီး နံရံတွေကို အတွန့်၊ အကွေးတွေ ပုံဖော်ထားတယ်။ ဒါတင် မကသေးဘူး။ စားသောက်ဆိုင် ဝင်ပေါက်မှာ ကမ္ဘာ့ဆွဲငယ်အားကနေ လွတ်မြောက်နေတဲ့ပုံသဏ္ဍာန်အဖြစ် စာအုပ်တွေကို လေထဲ ဝဲနေသယောင် မျက်နှာကြက်ကနေ ချိတ်ဆွဲထားတာ တွေ့ရတယ်။
Ref: Mexico City’s ‘Interstellar’ restaurant turns starry with 250,000 LED lights
NZ ( ရိုးရာလေး)