အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၅-၈-၂၀၁၈ မှ ၁၁-၈-၂၀၁၈ အထိ)

Bay-Din-4-Week-2-August.jpg

ရိုးရာလေးပရိသတ်တွေအတွက် အပတ်စဉ်တင်ဆက်ပေးနေကျ ဆရာ ကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါပြီ။

၅-၈-၂၀၁၈ ကနေ ၁၁-၈-၂၀၁၈ ရက်အထိ တွက်ချက် လမ်းညွှန်ပေးထားတာတွေကို ပုံတစ်ခုချင်းစီမှာ တွဲဖက်ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေး ဆက်ကောင်းနေပါတယ်။စပ်တူလုပ်ငန်း လုပ်ဆောင်သူတွေကတော့ အနည်းငယ် ညှိနှိုင်းမှု့မှအဆင်ပြေလာပါပ်ြီ။ ကျန်းမာရေး အနေနဲ့ကတော့ ခါးနာခါးကိုက် ဖြစ်တတ်ပြီး၊ကျောက်ကပ်ရောဂါ ရှိသူများ ဒီတစ်ပါတ်မှာ အထူးသတိထားရမယ့်အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ အချစ်စစ်ကိုတွေ့ရှိပြီး အရူးအမူးခံစားရမယ့်အချိန်ပါ၊ပျော်နေရပါလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း မိဘတွေနဲ့ အဆင်မပြောတာတွေ ဝင်နှောက်ယှက်တာတွေဖြစ်တတ်ပါတယ်။ ပညာရေးကိုလိုက်စားတဲ့သူတွေကတော့ သင်တန်းမှားတက်မိလို့ စိတ်ညစ်နေရပါလိမ့်မယ်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၅။၃ ယတြာ။ ။ ကလေးများကို အုံးသီးပါသောမုန့်ဝယ်ကြွေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အောင်မြင်လာပါပြီ၊စပ်တူလုပ်ငန်းလုပ်သူများကလည်း အခြေအနေပြန်ကောင်းလာပါပြီ။ကျန်းမာရေးအနေနှင့်ကတော့ အသဲရောဂါ ဝေဒနာရှင်များ ဒီတစ်ပါတ်မှာ သတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေး ကံကောင်းနေပြီး ချစ်သူနှင့် ခရီးသွားရတတ်ပါတယ်။ အိမ်ထောင်ရှင်များကတော့ နှစ်ဘက်ဆွေမျိုးများကို အထူး စိတ်ရှည်သိခံဖို့လိုပါတယ်၊ မိမိနေထိုင်ရာ အဆောက်အသီးကို အကြောင်းပြုပြီး စိတ်သေကရောက်ရတတ်ပါတယ်။ ပညာရေးသမားများကတော့ သင်တန်းတွေဆက်တက်ပါ။ ကျောက်မျက်ရတနာ ပစ္စည်းရောင်း/ဝယ်ရေးလုပ်ကိုင်သူများ အထူးသတိပြုရမယ်၊ စကားမှားတတ်ပါတယ်။ ဝန်ထမ်းလုပ်သူများကတော့ ဒီတစ်ပါတ်အနည်းငယ် ညံပါတယ်။

အကျိုးပေးဂဏန်း – ၂ ၊ ၀ ၊ ၅။ ယတြာ– လမ်းမှတွေ့သော နွမ်းပါးကလေးငယ်ကို အစားအစာ ထောက်ပံပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းမှာ အတိုက်အခိုက်တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သတိနဲ့လုပ်ကိုင်ရမည်။ မထင်မှတ်သော စီးပွားရေးဆိုင်ရာ တိုက်ခိုက်ခံရခြင်းများကြောင့် လူကြီးများဖြင့် ဖြေရှင်းရတဲ့အထိ ဖြစ်သွားလိမ့်မည်။ သတ္တုနှင့်ဆိုင်သော စီးပွားရေးသမားများ ကံကောင်းပြီး ဆောက်လုပ်ရေးနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မယ်။ ကျန်းမာရေးအနေနှင့်ကတော့ ခါးကိုက်တတ်ပြီး၊ အစာအိမ်ရောဂါများ အထူးသတိထားသင့်ပါတယ်။ အချစ်ရေးကတော့ အလွန်ကောင်းပါသည်။ အိမ်ထောင်ရှင်များ ခွဲနေရတတ်ပါတယ်။ပညာရေးကောင်းပါသည်။ဝန်ထမ်းများ ကံကောင်းပါတယ်။

အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၆။ ယတြာ – နွမ်းပါးသူလာရောက်တောင်းရမ်းပါက တတ်နိုင်သလောက်လှူပါ။

 

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ အလွန်အလုပ်များသောကာလဖြစ်ပြီး မအိပ်မစားလုပ်နေရမည်။ သို့သော် ထိုလုပ်နေသော အလုပ်သည် မိမိတစ်သီးတည်းပိုင်အလုပ်မဟုတ်ဘဲ အများအတွက်ဖြစ်နေမည်။ စပ်တူလုပ်ငန်းများပြန်လည်စတင်နိုင်ပြီဖြစ်သည်။ ကျန်းမာရေးအနေနဲ့ကတော့ သွေးတို့ရှိပါက သတိထားပါ ၊ဆီချိုလည်း ဖြစ်တတ်ပါတယ်။ ဒီတစ်ပါတ်မှာငွေချေးငှါးခြင်း သတိထားရမယ့် အချိန်ပါ။ အချစ်ရေးကတော့ သံသယအချစ်တစ်ခု ဖြစ်တတ်ပါတယ်။အိမ်ထောင်ရေးကလည်း အလွန်အေးစက်နေပါတယ်။ခရီးယာယီဖြင့် ခွဲနေရလိမ့်မည်။ ဝန်ထမ်းများ လုပ်ငန်းတွင် သတိကြီးကြီးဖြင့် လုပ်ပါ။

ရာဟု။ သားသမီးတို့ကတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိမည့်အချိန်ပါ။ အချစ်ရေးကောင်းနေပြီး၊ အိမ်ထောင်ရေးညံချိန်ဖြစ်သည်။ သတိထားရမည်မှာ ယာဉ်အန္တရာယ်ရှိခြင်းဖြစ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၀။ ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ဆွမ်းလောင်းပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက် စီးပွားရေး လုပ်ငန်းသစ် စတင်ထူထောင်ပါက အနာဂါတ်အတွက် အထူးကောင်းသော အချိန်ဖြစ်ပါတယ်။ လုပ်ငန်းသစ်ပြောင်းခြင်း၊နေရာသစ်ပြောင်းခြင်းများကောင်းပါသည်။ ငွေကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ရောဂါဟောင်း ပြန်ဖောက်တတ်လို့ အထူးသတိထားပါ။ ချစ်သူရည်းစားများ မိဘတို့ကြောင့် အလွန် စိတ်ညစ်ရမည်။ အိမ်ထောင်ရှင်များ မိဘများကြောင့် အခြေအနေ တင်းမာတတ်ပါတယ်။ ပညာရေးသမားများ သတန်းတွင် ရန်ပေါ်တတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၁။ ယတြာ – ငှက်ကလေးများကို အစာကြွေးပါ။

 

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများတွင် ထင်သလောက်မပေါက်ဘဲ ပြောင်းလဲနေသော အခြေအနေမျညးအရ စိတ်ဓါတ်ကျတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊အလှပြင်လုပ်ငန်းများ ကောင်းမွန်ပြီး စက်ပစ္စည်း၊ကား၊စသည့်ပစ္စည်း လုပ်ငန်းများ၊ ညံ့ပါသည်။ ငွေကြေး၊အဆောက်အဦးကိစ္စအတွက် အလွန်စိတ်ပူရလိမ့်မည်။ ကျန်းမာရေးကတော့ ခြေထောက်တွင် ဒဏ်ရာရတတ်သည်။ နှလုံးရောဂါရှင်များ အရေးကြီးပါသည်။ အချစ်ရေးကတော့ ကောင်းနေပါသည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ အထက်လူကြီးကြောင့် စိတ်သောကရောက်မည်။

အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၂။ ယတြာ – အိမ်ဘုရားတွင် ရေချမ်း၊ဆွမ်း သေချာကပ်လှူပါ။

 

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ အနည်းငယ်ပြိုကျတတ်သည်။ ငွေကြေးကိစ္စများ ဖြေရှင်းနိုင်ခဲ့သဖြင့် စိတ်သက်သာရာ ရလာမည်။ လုပ်ငန်းဟောင်းက ငွေပြန်ပေါ်မည်။ လက်အောက်ငယ်သားများ ပြန်တော်လှန်သဖြင့် အလွန်အလုပ်များမည်။ ကျန်းမာရေးအနေနှင့် ရောဂါဟောင်းပြန်ထပြီး ဆေးကုသခံရ မည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင်ကံ ညံသွားပြီး၊အဖြေရရန် ဝေးနေပါသေးသည်။ အိမ်ထောင်သည်များ ငွေကြေးကို အကြောင်းပြုပြီး စိတ်သဘောထားကွဲနေတတ်သည်။ပညာရေးသမားများ အထူး အောင်မြင်ပါလိမ့်မယ်။ ဝန်ထမ်းများ အဆင်ပြေလာပါပြီ။

အကျိုးပေးဂဏန်း – ၇ ၊ ၅ ၊၃။ ယတြာ – စနေနေ့တွင် ရဟန်းတပါးအား ငွေလှူပါ။

 

ဆရာကင်္ကသူ (ရိုးရာလေး)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top