လေးနက် ကျယ်ပြန့်သည့် လက္ခဏာပညာ

astrology-1200-600.jpg

လက္ခဏာပညာဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် သူတို့ရဲ့ဘဝကံတရားတွေကို ဖော်ပြနေတဲ့လမ်းပြ မြေပုံတစ်ခုဖြစ်ပါတယ်။ ရှေးနှစ်ထောင်ချီကစပြီး မယာခေတ်၊ ရောမခေတ်များမှာလည်း

အထူးထင်ရှားခဲ့တဲ့ ရှေ့ဖြစ်ဟော ပညာရပ်များမှာ လက္ခဏာပညာက ထိပ်တန်းကပါဝင်ခဲ့တာပါ။ ယခုခေတ်မှာတော့ ဆရာကြီးကိုင်ရို၊ ဆရာကြီး စိန့်ဂျာမိန်းတို့ ထင်ရှားခဲ့ပြီး၊ ဆရာကြီးကိုင်ရိုကတော့ လက္ခဏာပညာကို သိပ္ပံပညာတစ်ခုအဖြစ် ရှေ့ဆောင်လမ်းပြ သုတေသနပြုခဲ့ တာဖြစ်လို့ လက္ခဏာပညာလောကအတွက် အလွန်အကျိုးများစေခဲ့သူဖြစ်ပါတယ်။

လက္ခဏာပညာဟာ အလွန်လေးနက်ကျယ်ပြန့်ပြီး အသေးစိတ်လှတဲ့ပညာရပ်တစ်ခုပါ။ လူတစ်ဦးချင်းစီရဲ့ အမူအကျင့်တွေကိုလည်း ဖော်ပြပါတယ်။ ဒါကိုမြင်ရင် ဒါဟောပါ ဆိုတာမျိုးလုံးဝလုပ်လို့မရတဲ့ ပညာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝအတွက် အရေးကြီးတဲ့ လက်ပုံစံတွေ၊အရောင်အဆင်း၊လက်ရေစာ၊လက်ဗွေ နဲ့ လက်အပျော့အမာ စတဲ့ အကြောင်းအရာတွေကို လက်ဖဝါးပေါ်က လမ်းကြောင်းများနဲ့ စနစ်တကျ တိုင်ဆိုင်စစ်ဆေးပြီး စုပေါင်းသုံးသပ် အဖြေထုတ်မှ တိကျမှန်ကန်တဲ့ လက္ခဏာပညာဆိုင်ရာ ရှေ့ဖြစ်အဟောများကို လက္ခဏာရှင်အား ပြောပြနိုင်မှာလည်း ဖြစ်ပါတယ်။

အခုတစ်ပတ်ကနေစလို့ ရိုးရာလေးပရိသတ်တွေအတွက် ဗဟုသုတတိုးပွားစေဖို့ ရည်ရွယ်ပြီး လက္ခဏာပညာရပ်ဆိုင်ရာဆောင်းပါးတွေကို ပုံမှန်တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ နှလုံးလမ်းကြောင်း(မေတ္တာလမ်း) အကြောင်းကို စတင် တင်ဆက်ပေးသွားမယ့်အကြောင်းကိုလည်း ကြိုတင်အသိပေးတင်ပြလိုက်ရပါတယ်။

ဆရာကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

09-255068533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top