အပတ်စဉ် ဗေဒင်ဟောစာတမ်း (၆-၁၀-၂၀၁၉ မှ ၁၂-၁၀-၂၀၁၉ ရက်နေ့အထိ)

Bay-Din-6-to-12-october-e1570329812925.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၆-၁၀-၂၀၁၉ မှ ၁၂-၁၀-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး ။ ။ စားသောက်ကုန်လုပ်ငန်း၊ ပြည်ပမှတင်သွင်းသည့် ဆေးနှင့်ပါတ်သက်သော လုပ်ငန်း၊ ကုန်ခြောက်လုပ်ငန်းများ ကံကောင်းပါသည်။ သတိထားရမည်မှာ ကျောက်မျက်ရတနာနှင့်ဆိုင်သော လုပ်ငန်းများ သတိထားရပါလိမ်မည်။

ကျန်းမာရေး ။ ။ နှလုံးနှင့်ဆိုင်သောရောဂါ တစ်ခု ရတတ်သည်။ စိတ်သောကရောက်၍ မရသော အခြေအနေတစ်ခု ဖြစ်မည်။ ရောဂါအခြေအနေကြောင့် ဆေးရုံပြရလိမ့်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေး ကံကောင်းလာပါပြီ၊ ချစ်သူထံမှ အဖြေရမည်။ အိမ်ထောင်ရေးအနေနှင့် မိမိအိမ်ထောင်ဘက်ကို လွတ်မထားသင့်သော အခြေအနေဖြစ်သည်။

ပညာရေး ။ ။ ဝန်ထမ်းများ ဌာနတွင်း သင်တန်းများ တက်ရောက်ရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရနှင့် နိုင်ငံဝန်ထမ်းများ အလုပ်မျာသော အချိန်ဖြစ်မည်၊ သတိပြုပါ။

အကျိုးပေးဂဏန်းမှာ ။ ။ ၂၊ ၇၊ ၉။

ယတြာ ။ ။ အုန်းသီပါသော မုန့်ကို ရပ်ကွက်အတွင်းရှိ ကလေးများကို ပေးဝေပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး ။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သံထည်ပစ္စည်းနှင့် စက်အပိုပစ္စည်းများ၊ အိမ်၊ ခြံ၊ မြေ လုပ်ငန်းများ အထူးကောင်းမွန်သည့်အချိန် ဖြစ်သည်။ သို့သော် စာချုပ်စာတမ်းနှင့် ပါတ်သက်သော လုပ်ငန်းများတွင် အားနည်းပါလိမ့်မည်။ ငွေကြေးဆိုင်ရာ အစုရှယ်ယာများ စကားပြောရတတ်သည်။

ကျန်းမာရေး ။ ။ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါတို့ ဝင်ရောက်လာတတ်သည်။ အမျိုးသားများ ဆီကျိတ်ယောင်ခြင်း ခံစားရတတ်သည်၊ တတ်သိနားလည်သော ဆရာဝန်ဖြင့် သေချာပြသကုသပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းမည်။ အိမ်ထောင်ပြုရန် နှစ်ဘက် မိဘတို့ကြောင့် အခက်အခဲတွေ့နေလိမ့်မည်။ အိမ်ထောင်ရေးအနေနှင့် ခရီးယာယီခွဲနေရတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ပြည်ပသို့ ပညာတော်သင်အတွက် သင်တန်းတစ်ခု တက်ရောက်ရလိမ့်မည်။

အထွေထွေ ။ ။ ဝန်ထမ်းများ သတိထားလုပ်ကိုင်ရမည်၊ ပြည်သူနှင့်ဆက်ဆံရာတွင် ပြသနာတက်တတ်သည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၃၊ ၇။

ယတြာ ။ ။ တနင်္လာနေ့တွင် ဘုရားတွင် သောက်တော်ရေကပ်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး ။ ။ အထည်အလိပ်လုပ်ငန်းများ၊ ငွေလွဲဝန်ဆောင်ခြင်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ပြည်ပခရီးသွားလုပ်ငန်းများ များစွာအလုပ်ဖြစ်မည်။ သတိထားရမည်မှာ လေကြောင်းနှင့်ဆိုင်သော ကုန်ပစ္စည်းပိုဆောင်ရေးလုပ်ငန်းတွင် မတော်တဆ ပြသနာတက်တတ်သည်။

ကျန်းမာရေး ။ ။ အရိုးနှင့်ပါတ်သက်သော ရောဂါ၊ အရိုးယောင်ခြင်း ခါးနားခြင်းတို့ ဖြစ်တတ်သည်။ မတော်တဆလည်း ခါးကို ထိမိတတ်သည် သတိထားပါ။ ဖြစ်ခဲ့ပါက ကုသရန် အချိန်များစွာပေးရလိမ့်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းစပြုလာသော်လည်း ပြသနာ အနည်းငယ်ဖြစ်တတ်သေး သည်။ မိမိချစ်ရသူသည် ပိုင်ရှင်ရှိနေတတ်သဖြင့် အတူးသိပြုရန်လိုသော အချိန်ဖြစ်သည်။ အိမ်ထောင်ရေးအနေနှင့်လည်း အိမ်ထောင်မရှိသူ တစ်ယောက်ကို တိပ်တခိုး ချစ်နေတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် နိုင်ငံခြားသို့ သွားရောက်မည်သူများ ပို၍ အလေးထားသင်ယူပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် ခရီးယာယီထွက်ရပါက ထိုခရီးတွင် ထီထိုးပါ။

အကျိုးပေးဂဏန်း ။ ။ ၁၊ ၅၊ ၈။

ယတြာ ။ ။ အင်္ဂါနေ့တွင် ကလေးများအား ဇီးသီနှင့်ပါတ်သက်သော မုန့်အလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး ။ ။ သစ်လုပ်ငန်းများ အထူးကောင်းမွန်သည့်အချိန်ဖြစ်သည်၊ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာကိစ္စရပ်များတွင် ကောင်းမွန်ပါသည်။ ယခုအချိန်သည် ဥယျာဉ်ခြံမြေထွက်ပစ္စည်းများကို စနစ်တကျ ဆောင်ရွက်ပါက အမြတ်များမည့်အချိန် ဖြစ်သည်။ အထူးသတိပြုရန်မှာ ရေနှင့်ပါတ်သက်သော မွေးမြူရေးလုပ်ငန်းများ အနည်းငယ် ဆုံးရှုံးတတ်သည်။

ကျန်းမာရေး ။ ။ ခါးနာခြင်း၊ အရိုးအကြေများ နာနေခြင်း၊ ညောင်းညာ ကိုက်ခဲခြင်းများ ဖြစ်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းနေပြီး ချစ်သူရမည်။ အိမ်ထောင်ရေးအနေနှင့် အလွန်ညံ့သည့်အပိုင်းတွင် ရှိသည်။ အိမ်ထောင်ရေး ပြိုကွဲတတ်သည် သတိထားပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဂုဏ်ထူးဆောင်ဘွဲ့ (သို့) လက်မှတ် ရတတ်သည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း သားသမီးအတွက် စိတ်ပူပန်ရမည်။ ဝန်ထမ်းများ အလုပ်တွင် စိတ်မပါ ဖြစ်တတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် အရက်ကြောင့်ဖြစ်သော အသဲရောဂါ ရတတ်သည်။ အချစ်ရေးတွင်လည်း ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ပရိဘောဂလုပ်ငန်း အဆင်ပြေမည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၆၊ ၈။

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် ဂုဏ်တော်ပုတီး ၉ ပါတ်စိတ်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး ။ ။ ကျောက်မျက်ရတနာ၊ ရွှေလုပ်ငန်း၊ အခြားသော ငွေ၊ သံ စသည့် သတ္တုများ တူဖော်ခြင်း၊ သန့်စင်ခြင်း လုပ်ငန်းများ အထူးကောင်းမွန်ပါသည်။ သတိထားရမည့်လုပ်ငန်းမှာ ခရီးသွားခြင်း ဖြစ်သည်။

ကျန်းမာရေး ။ ။ ဦးခေါင်းတွင် ဒဏ်ရာ ရတတ်သည်။ မျက်လုံးခွဲစိတ်ရတတ်သည်၊ ကံကောင်းသော ခွဲစိတ်ခြင်းဖြစ်ပြီး ခွဲလိုက်ပါက အလင်းပြန်ရမည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံညံ့နေပြီး ချစ်သူနှင့် အဆင်မပြေ ဖြစ်မည်။ အိမ်ထောင်ရေးအနေနှင့် အိမ်ထောင်ဘက် သစ္စာဖောက်တတ်သည်။

ပညာရေး ။ ။ မိမိဘဝနှင့်ဆိုင်သော ပညာရပ်ကို အထူးလေ့လာပါ။

အထွေထွေ ။ ။ ဝန်ထမ်းများ ခရီးထွက်ရပြီး ထိုခရီးကို အကြောင်းပြုလျှက် ရထားတက်ရတတ်သည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၄၊ ၉။

ယတြာ ။ ။ ကြာသာပတေးနေ့တွင် ရဟန်းတစ်ပါးကို ပစ္စည်းလေးပါမှ တစ်ပါးပါးလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး ။ ။ အလှအပနှင့်ဆိုင်သော အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရောင်ချခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ အနုပညာနှင့်ဆိုင်သော လုပ်ငန်းများ လုပ်ဆောင်ရခြင်း၊ အလှပြင်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်း စသည်တို့ အထူးကောင်းမွန်ပါသည်။

ကျန်းမာရေး ။ ။ အရေပြားနှင့်ဆိုင်သော ရောဂါများ ရတတ်သည်၊ ခရုသင်းကဲ့သို့သောရောဂါ၊ ပွေး၊ ဝဲ၊ ယားနာတို့ ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း အနေဝေးရတတ်သည်။ အိမ်ထောင်သည်များ ပြန်အဆင်ပြေနေမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ရှေးဟောင်းပညာရပ်များ မမျှော်လင့်ဘဲ သင်ကြားရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ မိမိ လက်အောက်ဝန်ထမ်း၏ ငွေကြေးကိစ္စကို အကြောင်းပြုပြီး ကိစ္စတစ်ခု ဖြေရှင်းရမည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၃၊ ၉။

ယတြာ ။ ။ သောကြာနေ့တွင် အိမ်ဘုရားတွင် ရေတော် (၆) ခွက်ပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့
စီးပွားရေး ။ ။ အထူးသတိထားရမယ့် အချိန်ပါ။ မိမိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းကုန်တတ်သည်၊ ရပ်ဆိုင်းရသည့်အကြောင်းမှာ မိမိလုပ်ငန်းတွင် လုပ်ကိုင်နေသော လူယုံများနှင့် ဝန်ထမ်းများကြောင့် ဖြစ်သည်။ ဝန်ထမ်းများ တော်လှန်သည့် အခြေအနေ ကြုံရမည်။ သေချာ ဂရုစိုက် လုပ်ဆောင်ရမည်။ စက်ရုံးနှင့် ပါတ်သက်သူများ စိတ်သောက ရောက်ရမည် ဖြစ်သည်။

ကျန်းမာရေး ။ ။ အရိုးရောဂါများ ထူးထူးခြားခြားဖြစ်မည်။ မတော်တဆမှု့တစ်ခုမှ အရိုးထိခိုက်မိတတ်သည်၊ သတိထားပါ။ စနေသားသမီးတို့အတွက် ယခုအချိန်သည် ကောင်းကွက် နည်းပါသည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံညံ့ပါသည်။ ချစ်သူနှင့် အဆင်မပြေရန် အကြောင်းများ များစွာ ပေါ်ပေါက်နေတတ်သည်။ ဟန်ဆောင်သောအချစ်ကြောင့် ကြီးစွာသော စိတ်သောကရောက်မည်။ အိမ်ထောင်သည်များ အိပ်ယာခွဲအိပ်နေသင့်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် အလွန်ကြိုးစားလုပ်ဆောင်မှ အဆင်ပြေပါမည်။

အထွေထွေ ။ ။ ဝန်ထမ်းများ အထူးသတိထားရမည့် ကာလဖြစ်သည်။ ငွေမရဘဲ ပြသနာရတတ်သည်။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၅၊ ၀။

ယတြာ ။ ။ စနေနေ့တွင် အိမ်ဘုရာတွင် ထီးအနီတစ်လက် ဘုရားကို လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top