သူ့ဆန္ဒမပါဘဲ ခင်ပွန်းက သူ့ကျောက်ကပ်ကိုထုတ်ပြီး ရောင်းစားခဲ့တယ်လို့ ဇနီးသည် စွပ်စွဲ

9-13-2022-yyl-35.jpg

သူ့ဆန္ဒမပါဘဲ ခင်ပွန်းသည်က သူ့ ကျောက်ကပ်ထုတ်ပြီး မှောင်ခိုဈေးကွက်မှာ ရောင်းခဲ့တယ်လို့ အိန္ဒိယအမျိုးသမီးတစ်ယောက်က စွပ်စွဲထားပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ကျောက်ကပ်မှာ ကျောက်တည်တဲ့အတွက် ဆေးရုံတက်ပြီး ခွဲထုတ်ရချိန်မှာ ခင်ပွန်းသည်က ကျောက်ကပ်တစ်ခြမ်းကို ထုတ်ခိုင်းခဲ့တာလို့ အိန္ဒိယနိုင်ငံ သြဒိသပြည်နယ် ကိုဒါမီတာရွာမှာ နေထိုင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး ရန်ဂျီတာက ဆိုပါတယ်။

ခွဲစိတ်မှုလုပ်ချိန်မှာ မေ့ဆေးပေးခံထားရတဲ့အတွက် ကျောက်ကပ်တစ်ခြမ်း ထုတ်ခံရတဲ့ဖြစ်ရပ်ကို သူ မသိခဲ့ပါဘူး။ ဗိုက်အောင့်လို့ ဆရာဝန်သွားပြတော့မှ သူ့မှာ ကျောက်ကပ်တစ်ခြမ်းပဲ ရှိတော့မှန်း သူ သိခဲ့ရတာပါ။ ရန်ဂျီတာရဲ့ခင်ပွန်း ပရာဆန့်ဟာ သူတို့ရွာကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအဖြစ် ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ်က လက်ထပ်ခဲ့ကြတာပါ။ သူတို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။ လွန်ခဲ့တဲ့ ၈ လမှာ ပရာဆန့်က သူတို့မိသားစုကို စွန့်ပစ်ပြီး တခြားအမျိုးသမီးတစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်က မင်္ဂလာစရိတ် (သတို့သမီးဘက်က ပေးရ)ကိစ္စနဲ့ပတ်သက်ပြီး သူတို့လင်မယား စကားများခဲ့ကြဖူးပါတယ်။ အဲဒီအတွက် ပရာဆန့်က ရန်ဂျီတာရဲ့ကျောက်ကပ်တစ်ခြမ်းကို ထုတ်ယူရောင်းချကာ သူ ရသင့်ရထိုက်တဲ့ငွေ ရအောင် ကြံစည်ခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ရန်ဂျီတာက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး ရဲတွေက ပရာဆန့်ကို ထိန်းသိမ်းကာ စုံစမ်းစစ်ဆေးနေပါတယ်။

Ref:Woman Accuses Husband of Stealing and Selling Her Kidney for Profit

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top