နှစ် ၃၀ ကျော် အေးခဲထားတဲ့မျိုးဥတွေသုံးပြီး အမြွှာပူးလေးကို အောင်မြင်စွာ မွေးဖွား

23-11-2022yyl02.jpg

နှစ် ၃၀ ကျော် အေးခဲထားတဲ့ မျိုးဥတွေကို အသုံးပြုပြီး အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ အမြွှာကလေးငယ်နှစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါဟာ စံချိန်တင် အချိန်အကြာဆုံး အေးခဲထားတဲ့ မျိုးဥကနေ အောင်မြင်စွာ မွေးဖွားနိုင်မှုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒီမျိုးဥတွေကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၂ ရက်က အပူချိန် – ၁၂၈ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နိုက်ထရိုဂျင်အရည်မှာ သိုလှောင်ထားခဲ့တာပါ။

အဲဒီမျိုးဥတွေကို အမည်မဖော်လိုတဲ့ လင်မယားနှစ်ဦးအတွက် ဖန်ပြွန်သန္ဓေသားနည်း(IVF)နဲ့ ဖန်တီးခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်အထိ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ မျိုးဥသိမ်းဆည်းရာ ဓာတ်ခွဲခန်းမှာ သိမ်းဆည်းထားခဲ့ပါတယ်။ အဲဒီနောက်ကျမှ တခြားလင်မယားနှစ်ယောက် အသုံးပြုနိုင်အောင်လို့ National Embryo Donation Center (NEDC) ထံ လွဲပြောင်းပေးအပ်ခဲ့ကြတာပါ။

အော်ရီဂွန်ပြည်နယ်က ကလေး ၄ ယောက်မိခင် ရေချယ်ရစ်ချ်ဝေးက အောက်တိုဘာလ ၃၁ ရက်မှာ အေးခဲထားတဲ့ မျိုးဥအသုံးပြုပြီး အမြွှာပူး မွေးဖွားခဲ့တာပါ။ အမြွှာလေး ၂ ယောက်ကို လိုင်ဒီယာအန်းနဲ့ တိုင်မိုသီလို့ အမည်ပေးထားပါတယ်။

Ref:Twins born from embryos frozen 30 years ago

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top