Netflix အက်ရှင်စီးရီးအသစ် The Brothers Sun မှာ ပါဝင်ထားတဲ့ အော်စကာဆုရှင် မီချဲလ်ယို

5.1.24-yyl-4.jpg

ပြီးခဲ့တဲ့နှစ်က အော်စကာဆုရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီး မီချဲလ်ယိုကို အခုနှစ် Netflix အက်ရှင်စီးရီးအသစ် The Brothers Sun မှာ မြင်တွေ့ရပြန်ပါပြီ။ မီချဲလ်ယိုက Eileen Sun အမည်ရတဲ့ ကလေးနှစ်ယောက်မိခင်အဖြစ် ပါဝင်ထားပါတယ်။

ဒီစီးရီးကို ဒါရိုက်တာ ဘရတ် ဖာလ်ချက်ခ်နဲ့ ဘိုင်ရွန်ဝူတို့က ဖန်တီးထားပြီး လျှို့ဝှက်ဆန်းကြယ်လူသတ်သမားရဲ့ပစ်သတ်ခံခဲ့ရတဲ့ ထိုင်ဝမ်ဂိုဏ်းခေါင်းဆောင်ရဲ့မိသားစုဇာတ်လမ်းကို ပုံဖော်ထားတာပါ။

ဒီစီးရီးမှာ မီချဲလ်ယိုရဲ့သား ၂ ယောက်အဖြစ် မင်းသားဂျက်စတင်ချမ်းနဲ့ မင်းသား ဆမ်ဆောင်လီတို့က သရုပ်ဆောင်ထားပါတယ်။ မင်းသားဂျက်စတင်ချမ်းသရုပ်ဆောင်ထားတဲ့ Charles Sun ဇာတ်ကောင်က ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားအဖြစ် ကြီးပြင်းလာပြီး သူ့အဖေ သေဆုံးခဲ့ပြီးတဲ့နောက်မှာ သူ့အမေနဲ့ ညီဖြစ်သူကို ကာကွယ်ဖို့ တိုင်ပေမြို့ကနေ လော့စ်အိန်ဂျလိစ်ကို ထွက်သွားခဲ့ရပါတယ်။

မီချဲလ်ယိုက ဇာတ်ညွှန်းကို ဖတ်ပြီးတဲ့နောက်မှာ ဒီဇာတ်ရုပ်မှာ ပါဝင်ဖို့ ချက်ချင်းသဘောတူခဲ့တာပါ။ သူက ဒီစီးရီးရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘရတ် ဖာလ်ချက်ခ်ရဲ့အမာခံပရိသတ်လည်းဖြစ်ပါတယ်။ မီချဲလ်ယိုက သူ့ရဲ့သားအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ၂ ဦးရဲ့ ကိုယ်ခံပညာအစွမ်းကိုလည်း ချီးကျူးထားပါတယ်။

မီချဲလ်ယိုက ဟောင်ကောင်အက်ရှင်ဇာတ်ကားများစွာမှာ ပါဝင်ခဲ့တဲ့ ဆယ်စုနှစ်များစွာကြာပါပြီ။ ကိုယ်ခံပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူဖြစ်ပေမဲ့ ဒီအက်ရှင်ဇာတ်ရုပ်အတွက် ပြင်ဆင်ခဲ့ရပါတယ်။ သရုပ်ဆောင်ပြီး နားတဲ့အချိန်တွေမှာတောင် ကိုယ်ခံပညာနဲ့ပတ်သက်ပြီး လေ့ကျင့်မှုတွေလုပ်ဖြစ်ခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဒီစီးရီးကို Netflix မှာ ပြသနေပါပြီ။

Ref: Michelle Yeoh talks new series ‘The Brothers Sun,’ training for the action role and more

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top