ကမ္ဘာ့အဆိုးရွားဆုံးအများသုံးအိမ်သာကို ရှာဖို့ နိုင်ငံပေါင်း (၁၀၀) ကို ခရီးနှင်ခဲ့သူ

9-23-2022-yyl-25.jpg

ကမ္ဘာ့အဆိုးရွားဆုံးအများသုံးအိမ်သာကို ရှာဖို့ နိုင်ငံပေါင်း (၁၀၀) ကို ခရီးနှင်ခဲ့သူ

အမျိုးသားတစ်ဦးဟာ ကမ္ဘာ့အဆိုးရွားဆုံးအများသုံးအိမ်သာကို ရှာဖို့အတွက် ပေါင် ၁၅၀,၀၀၀ အကုန်အကျခံပြီး မိုင်ပေါင်း ၇၅,၀၀၀ ခရီးနှင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူက ကမ္ဘာ့အဆိုးရွားဆုံးအများသုံးအိမ်သာကို တာဂျီကစ္စတန်နိုင်ငံမှာ ရှာတွေ့သွားခဲ့ပါပြီ။ သူက ခရီးသွားစာရေးဆရာနဲ့ဘလော့ဂါဖြစ်တဲ့ ဂရာဟမ် အက်ကီးဆိုသူပါ။

အင်ဒိုနီးရှားနိုင်ငံက အိမ်သာ

တာဂျီကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ၅ ပေ လောက်ရှိတဲ့ တဲလေးကို အိမ်သာအဖြစ် လုပ်ထားတာကို သူ တွေ့ရှိခဲ့တာပါ။ အဲဒီအိမ်သာကို ငုံ့လျှိုးဝင်ပြီး အသုံးပြုဖို့အတွက် ဆိုးရွားလွန်းတယ်လို့ ဂရာဟမ်က ဆိုပါတယ်။ အိမ်သာရဲ့နံရံအဖြစ်ကာထားတဲ့ အဝတ်စကလည်း စုတ်ပြဲနေပါတယ်။ အနီးနားက ကျောက်တုံးတွေနားမှာ နေထိုင်နေကြတဲ့ အဆိပ်ပြင်းတဲ့မြွေတွေနဲ့ ကြွက်တွေရဲ့အန္တရာယ်လည်းရှိတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံက ရေဇလားအိမ်သာ

ဂရာဟမ်က တာဂျီကစ္စတန်နိုင်ငံမှာ အဆိုးရွားဆုံးအများသုံးအိမ်သာကို မတွေ့ခင် တိုက်ကြီး (၇) တိုက်မှာ (၆) တိုက်က အများသုံးအိမ်သာတွေဆီ သွားခဲ့ပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့အများသုံးအိမ်သာ (၃၆) ခုကို သူ့ရဲ့စာအုပ်အသစ် ‘Toilets of the Wild Frontier’မှာ ထည့်ရေးထားပါတယ်။ အဲဒီအိမ်သာတွေထဲမှာ ဘေစင်ကို အိမ်သာအဖြစ်အသုံးပြုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်သာ၊ တရုတ်နိုင်ငံက ရေချိုးဇလားအိမ်သာ၊ ခက်ခက်ခဲခဲနဲ့လျှောက်လမ်းအရှည်ကြီးသွားရတဲ့ အင်ဒိုနီးရှားက အိမ်သာ၊ ဘီနင်နိုင်ငံက အိမ်သာခွက်ပါတဲ့ သစ်သားကုလားထိုင်တွေ ပါဝင်ပါတယ်။

ဘီနင်နိုင်ငံက အိမ်သာခွက်ပါတဲ့ သစ်သားကုလားထိုင်အိမ်သာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်သာ
ဂရာဟမ် သတ်မှတ်ထားတဲ့ တာဂျီကစ္စတန်နိုင်ငံ ကမ္ဘာ့အဆိုးရွားဆုံးအများသုံးအိမ်သာ

ဂရာဟမ်က အဆုံးရွားဆုံးအများသုံးအိမ်သာတွေရဲ့ပုံတွေကို အပြင်ဘက်ကနေပဲ ရိုက်ဖြစ်ခဲ့ပါတယ်။ သူ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေက သူ့ရဲ့ “Inside Other Places” ဘလော့ဂ်မှာ ကြည့်ရှုသူထောင်နဲ့ချီကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ဒေသတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ထူးခြားတဲ့ရေးသားချက်တွေက အလွန်ရေပန်းစားခဲ့တဲ့အတွက် စာအုပ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ စံမမီတဲ့ မိလ္လာစနစ်ကြောင့်ဖြစ်ပေါ်လာတဲ့ကျန်းမာရေးအန္တရာယ်ကိုလည်း မီးမောင်းထိုးပြဖို့ ရည်ရွယ်ပါတယ်။

Ref: TheMirror “Man spends £150K to travel 75,000 miles to find world’s worst public toilet”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top