တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

30-11-2022-yyl14.jpg

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တိန့်အန်းမင်ရင်ပြင် ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်သမ္မတ ဖြစ်လာခဲ့တဲ့ ကျန်ဇီမင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံသမိုင်းမှာ အဓိကအရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ကျန်ဇီမင်း သမ္မတအဖြစ် တာဝန်ယူတဲ့ကာလမှာ တရုတ်နိုင်ငံက တံခါးဖွင့်မူဝါဒကို အကြီးအကျယ်ဖော်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်း အားကောင်းခဲ့ပါတယ်။ ကျန်ဇီမင်းဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ငြိမ်းချမ်းစွာ လွှဲပြောင်းရယူမှု၊ ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှာ တရုတ်နိုင်ငံ ပါဝင်မှု အစရှိတဲ့ လုပ်ရပ်တွေကိုလည်း ဦးဆောင်ခဲ့သူပါ။

နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းမှာ ကျန်ဇီမင်း ကွယ်လွန်သွားခဲ့တာလို့
တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

Ref: Jiang Zemin: Former Chinese leader dies aged 96

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top