တူးမြောင်းအတွင်းပြုတ်ကျနေတဲ့ကားအတွင်းက သားအမိကို ကယ်ဆယ်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား

11.7.23-yyl-6.jpg

အနက်ရောင်ယာဉ်နဲ့ တိုက်မိပြီး တူးမြောင်းအတွင်း ပြုတ်ကျသွားခဲ့တဲ့ နက်ပြာရောင် SUV ကားအတွင်းက သားအမိနှစ်ဦးကို အသက် ၃၅ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ကယ်တင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က စင်ကာပူနိုင်ငံမှာ ဇူလိုင် ၉ ရက်နေ့ကဖြစ်ခဲ့တာပါ။

အမည်မသိ ရွှေ့ပြောင်းလုပ်သားက နေ့လယ်ထမင်းစားနားတဲ့အချိန်မှာ အနီးနားကနေ ကျယ်လောင်တဲ့အသံကို ကြားခဲ့တာပါ။ အသံကြားတဲ့နေရာဆီ အပြေးအလွှားသွားကြည့်တော့ နက်ပြာရောင် SUV ကားတစ်စီးက ဘူကစ်တီမာရှိ Lutheran Road နဲ့ Queen’s Road လမ်းဆုံးက တူးမြောင်းထဲ ပြုတ်ကျနေတာကို တွေ့ခဲ့ရတယ်။ အဲဒီယာဉ်နဲ့ တိုက်မိတဲ့ အခြားကားတစ်စီးကတော့ လမ်းတစ်ဖက်မှာ ရှိနေခဲ့တယ်။

တူးမြောင်းထဲက ကားအတွင်းကနေ အမျိုးသမီးတစ်ဦးနဲ့သားဖြစ်သူတို့ ထွက်လာတာပြီး အဲဒီအမျိုးသမီးက သားဖြစ်သူကို အဆင်ပြေလားမေးနေခဲ့တာပါ။ သားဖြစ်သူက ကြောက်လန့်နေပြီး စကားတောင်မပြောနိုင်ဘူးလို့ ရွှေ့ပြောင်းလုပ်သားရဲ့ပြောစကားအရသိရပါတယ်။

အဲဒီနောက် ရွှေ့ပြောင်းလုပ်သားက တူးမြောင်းထဲ ခုန်ချပြီး ကောင်လေးကို သယ်ပြီး အပေါ်မှာ စောင့်ဆိုင်းနေတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို လှမ်းပေးခဲ့ပါတယ်။ အနီးနားမှာ လှေကားရှာတွေ့ခဲ့တာကြောင့် အဲဒီအမျိုးသမီးလည်း တူးမြောင်းကနေ အပေါ်ကို တက်နိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ရွှေ့ပြောင်းလုပ်သားအဖွဲ့ကို သူတို့သားအမိကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံးဖြစ်ခဲ့တာပါ။
SUV ကားမောင်းတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးက Queen’s Land အတိုင်း မောင်းနှင်လာတဲ့အချိန် အနက်ရောင်ကားက Lutheran Road ကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ခဲ့တယ်လို့ အဲဒီအမျိုးသမီးရဲ့ ဆွေမျိုးတော်သူက ပြောပါတယ်။

အဲဒီတုန်းက အမျိုးသမီးယာဉ်မောင်းနဲ့ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူတို့ကို National University Hospital ကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့သားအမိဟာ ထိခိုက်မှုကြီးကြီးမားမားတော့မဖြစ်ခဲ့ပါဘူး။ အနက်ရောင်ကားမောင်းတဲ့ အသက် ၆၀ အရွယ်အမျိုးသမီးယာဉ်မောင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ref: Migrant worker jumps into Bukit Timah canal to save mother and son after car crash

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top