သြဂုတ်လ ၂၆ ရက်မှာ ထိုးသတ်ဖို့ ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်ဘက်က အကြောင်းမပြန်သေးဘူးလို့ ဇူကာဘတ် ဆို

9.8.23-yyl-22.jpg

သြဂုတ်လ ၂၆ ရက်မှာ တွစ်တာကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်နဲ့ ကြိုးဝိုင်းထဲ ထိုးသတ်ကြဖို့ သူ့ဘက်က ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်က အကြောင်းမပြန်သေးဘူးလို့ ဖေ့ဘွတ်ခ်စီအီးအို မက်ခ်ဇူကာဘတ်က ပြောပါတယ်။

အီလွန်မက်စ်ဘက်က ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြဖို့ စိန်ခေါ်ခဲ့ပြီးနောက် ဇူကာဘတ်က UFC ကြယ်ပွင့်တွေဖြစ်တဲ့ အဒီဆန်ညာ၊ ဗိုကာနော့စကီးတို့နဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ အီလွန်မက်စ်နဲ့ ထိုးသတ်ဖို့ စိုးစဉ်းမျှ ပူပန်မှုမရှိဘူးလို့ ဇူကာဘတ်က ဆိုခဲ့သလို အချိန်မရွေး အသင့်ဖြစ်နေပြီလို့လည်း စိန်ခေါ်ထားပါတယ်။

သူတို့နှစ်ယောက် ထိုးသတ်မယ့်ပွဲကို တွစ်တာပလက်ဖောင်း (X) မှာ တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ အီလွန်မက်စ်က ဆိုခဲ့ပေမဲ့ ” ပရဟိတရန်ပုံငွေ ကောင်းကောင်းရနိုင်ပြီး စိတ်ချယုံကြည်ရတဲ့ လူမှုကွန်ရက်ပလက်ဖောင်းမှာ ပြသရင် ပိုမကောင်းဘူးလား”လို့ ဇူကာဘတ်က တုံ့ပြန်ထားပါတယ်။

Ref: Zuckerberg mocks X – and says he’s ‘not holding his breath’ for Elon Musk fight

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top