ပလတ်စတစ်တွေစားမိလို့ ထိုင်းနိုင်ငံက နာမည်ကျော်ပင်လယ်ဝက်မလေးသေဆုံး

68726830_2548744701823101_7917184637175070720_n.jpg

အခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံကကယ်ဆယ်ခဲ့ပြီးနောက် နာမည်ကျော်ကြားခဲ့တဲ့ ပင်လယ်ဝက်မလေး မာရီယမ်ကတော့ သေဆုံးသွားခဲ့ပါပြီ။ သူ့အစာအိမ်ထဲမှာတွေ့ရတဲ့ ပလတ်စတစ်တွေကနေ သွေးထဲကို ရောဂါပိုးကူးစက်ပြီး ပြီးခဲ့တဲ့စနေနေ့မှာ သေဆုံးခဲ့တာပါ။ ပြီးခဲ့တဲ့ဧပြီလက ထိုင်းကမ်းခြေမှာပိတ်မိနေတုန်း ကယ်ဆယ်ရေးသမားတွေကိုမလွတ်တမ်းဖက်ထားတဲ့ မာရီယမ်ရဲ့ဓာတ်ပုံတွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

(၈) လအရွယ်ရှိတဲ့ မိတဆိုးပင်လယ်ဝက်မလေး မာရီယမ်ဟာ လွန်ခဲ့တဲ့တစ်ပတ်မှာ နာမကျန်းဖြစ်ခဲ့ပြီးအစာမစားခဲ့ပါဘူး။ ပြီးခဲ့တဲ့စနေနေ့ ညဉ့်သန်းခေါင်ယံအချိန်မှာတော့ နှလုံးရှော့ဖြစ်ပြီး သေဆုံးသွားခဲ့တာပါ။ ပင်လယ်ဝက်မလေးကို ခွဲစိတ်စစ်ဆေးရာမှာ သူ့အစာအိမ်ထဲကနေ ရှစ်လက်မရှိတဲ့ ပလတ်စတစ်အပိုင်းအစတစ်ခုအပါအဝင် ပလတ်စတစ်အပိုင်းအစတွေ အများကြီးတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ထိုင်းနိုင်ငံမှာ ပလတ်စတစ်အိတ် (၈၀) ကျော်စားမိခဲ့တဲ့ ရေကြောင်းပြဝေလငါးတစ်ကောင် သေဆုံးခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top