လူကုန်ကူးသူတွေကို အကြွေးပေးဖို့ ဆေးခြောက်စိုက်ခင်းမှာ အလုပ်ဝင်လုပ်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား

24-7-2020-yyl-046.jpg

တရားမဝင် ရွှေ့ပြောင်းလုပ်သားတစ်ယောက်ဟာ လူကုန်ကူးသူတွေကို အကြွေးပေးဖို့အတွက် ဆေးခြောက်စိုက်ခင်းတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အယ်လ်ဘေးနီးယားနိုင်ငံသား အူကာရက်ဟာ လူကုန်ကူးသူတွေကို ကြွေးကျန် ပေါင် ၁၆၀၀၀ ပေးစရာရှိတဲ့အတွက် ဖလင်ဘီမြို့ ဆေးခြောက်စိုက်ခင်းမှာ စားရိတ်ငြိမ်း ဥယျာဉ်သမားအဖြစ် အလုပ်ဝင်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလမှာ ရဲတပ်ဖွဲ့က ဘရွတ်ခ်လမ်း နေအိမ်ကို ဝင်ရောက်စီးနင်းတော့ ပေါင် ၁၀၀၀၀၀ တန်ကြေးရှိတဲ့ ဆေးခြောက်ပင် ၂၀၀ တွေ့ရှိခဲ့တယ်လို့ ကာလီဆယ်ဘုရင်မတရားရုံးက ကြားနာခဲ့ပါတယ်။ အူကာရက်က ဆေးခြောက်တွေ ထုတ်လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး လူရွယ်ထိန်းသိမ်းရေးစခန်းမှာ ထောင်ဒဏ် ၁၁ လ ကျခံဖို့ အမိန့်မှတ်ခံခဲ့ရပါတယ်။ အူကာရက် အလုပ်လုပ်တဲ့ ဆေးခြောက်စိုက်ခင်းဟာ လေဝင်လေထွက်စနစ်၊ လျှပ်စစ်ပစ္စည်းနဲ့ ရောင်ပြန်ပြား ကပ်ထားတဲ့ နံရံစတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး စိုက်ပျိုးရေးနည်းပညာမြင့်မားတယ်လို့ ဆိုပါတယ်။ အိမ်နီးနားချင်းတွေက သတင်းပို့ခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က အဲဒီအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top