Covid-19 (Case 5) နာရေးကိစ္စကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်သွားမှာပါ

ဒီကနေ့ (မတ်လ-၃၁) မနက်ပိုင်းက ဝေဘာဂီအထူးကုဆေးရုံရဲ့ အထူးကြပ်မတ်ခန်းမှာ ကုသမှုခံယူနေတဲ့ COVID-19 လူနာအမှတ် ၅ ကွယ်လွန်သွားခဲ့တဲ့ နာရေးကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်အတိုင်းလုပ်ဆောင်သွားမယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ ဖို့မြေရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးဇော်ဝင်းထွန်း တို့က ရိုးရာလေးမီဒီယာကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားဟာ သြစတြေးလျနိုင်ငံမှာ တစ်လကြာနေထိုင်ပြီး နှာခေါင်းကင်ဆာရောဂါ ကုသမှုခံယူခဲ့သူပါ။ မတ်လ ၁၈ ရက်နေ့မှာ ရောဂါလက္ခဏာတွေ စတင်ခံစားခဲ့ရပြီး မတ်လ ၂၅ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသခန်းမှာ သီးခြားထားရှိ ကုသပေးခဲ့ရာမှာ မတ်လ ၂၆ ရက် ဓာတ်ခွဲစစ်ဆေးမှုမှာ COVID-19 ရောဂါပိုးရှိနေကြောင်း တွေ့ရှိခဲ့တာပါ။

Camera&Edit- Cherry
Team (ရိုးရာလေး)

Website: yoyarlay.com
Instagram: instagram.com/yoyarlayonline
Youtube: youtube.com/yoyarlayonline
Hotline: 09-400 000 661
Email: [email protected]

#Cherry_yyl #Video_yyl #Local_yyl #Covid_19

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top