တစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကို ငါးမျှားချိတ်မှာ ချိတ်မိခဲ့ပြီး ပိုင်ရှင်ထံ ပြန်ပေးခဲ့သူ

5.9.23-yyl-6.jpg

ကွန်နာတို့ သားအဖအတွက်တော့ တစ်သက် မမေ့စရာကောင်းတဲ့ ငါးမျှားခရီးစဉ်ပါပဲ။ သူတို့သားအဖက အမေရိကန်နိုင်ငံရဲ့ ဆဋ္ဌမအကြီးဆုံး ရေချိုကန်ကြီးဖြစ်တဲ့ Lake of the Woods ကို ငါးမျှားထွက်ကြရင်း ပိုက်ဆံအိတ်တစ်လုံးကို ငါးမျှားချိတ်နဲ့ ချိတ်မိခဲ့တာပါ။

ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ ဒေါ်လာ ၂၀၀၀ ပါတယ်။ လိပ်စာကတ်တစ်ခုလည်း တွေ့တယ်။ သူတို့က ပိုက်ဆံတွေကို ခြောက်သွေ့သွားအောင် နေလှန်းပြီး ပိုင်ရှင်ထံ ပြန်ပေးဖို့ ကြိုးစားတယ်။ လိပ်စာကတ်အရ ပိုင်ရှင်နေတဲ့ နေရာဟာ သူတို့နဲ့ မိုင် ၆၀၀ လောက် ဝေးတယ်။ အဲဒီပိုက်ဆံအိတ်ပိုင်ရှင်က ဂျင်ဒန်နီပါ။ သူဟာ လွန်ခဲ့တဲ့နှစ်က Lake of the Woods ရေအိုင်ကို ငါးလာမျှားရင်း ပိုက်ဆံအိတ် ပျောက်သွားခဲ့တာပါ။

ကွန်နာတို့ သားအဖက ဂျင်ဒန်နီကို လှမ်းဆက်သွယ်ရင်း ပိုက်ဆံအိတ်အကြောင်း ပြောပြတယ်။ ဂျင်ဒန်နီက ကျေးဇူးတင်လွန်းလို့ ငွေတချို့ပေးပေမဲ့ ကွန်နာတို့သားအဖက ငြင်းခဲ့တယ်။ ဂျင်ဒန်နီကတော့ တစ်နေ့ကျရင် ဟယ်လ်ဆာကွန်နာကို သူ့မြေးအဖြစ် မွေးစားသွားမယ်လို့ ဆိုပါတယ်။

Lake of the Woods ရေအိုင်ဟာ Yellowstone အမျိုးသားဥယျာဉ် အရွယ်အစားတစ်ဝက်ရှိပြီး ၁၆၇၉.၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

Ref: Minnesota Teens Hook Wallet Full of Cash on a Lake Then Return it to Iowa Farmer–WATCH

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top