ကိုဗစ်သတိပေးချက်တွေရှိနေပေမဲ့ ကျေးဇူးတော်နေ့အတွက်ခရီးထွက်နေတဲ့ အမေရိကန်လူမျိုးသန်းချီရှိနေ

24-11-2020-yyl-006.jpg

မကြာခင်မှာ ကျေးဇူးတော်နေ့ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် အဲဒီပွဲကို ဆင်နွှဲနိုင်ဖို့ အမေရိကန်လူမျိုးတော်တော်များများက ခရီးထွက်နေကြတဲ့အပြင် လမ်းပေါ်မှာလည်း တွေ့နေကြရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအရေအတွက်က ခါတိုင်းတွေထက် မကြာခင်မှာ ပိုများလာတော့မယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားကတည်းက အခုအချိန်ထိ အမေရိကန်လူမျိုး (၃) သန်းကျော် ရောဂါပိုးကူးစက်ခံထားရတယ်လို့ Johns Hopkins University အရ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ဆေးရုံတက်ရတဲ့လူအရေအတွက်များလာတဲ့အပြင် နေ့တိုင်း သေဆုံးမှုဟာ ပျမ်းမျှအားဖြင့် ၁၅၀၀ လောက်ရှိပါတယ်။ COVID-19 ကူးစက်ခံရမှုနှုန်းမြင့်တက်နေတဲ့အတွက် The Centers for Disease Control and Prevention က အမေရိကန်လူမျိုးတွေကို အိမ်မှာ နေပေးကြဖို့ တိုက်တွန်းထားပေမဲ့လည်း လူသန်းချီက သူတို့ရဲ့ကျေးဇူးတော်နေ့အတွက် ခရီးထွက်ဖို့စီစဉ်နေကြပါတယ်။ သောကြာနေ့ကတည်းက Transportation Security Administration စစ်ဆေးရေးဂိတ်မှာ လူ (၃) သန်းကျော် စစ်ဆေးခံခဲ့ကြပါတယ်။ မတ်လ ၁၆ ရက်နေ့ကတည်းကစလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေဆိပ်စစ်ဆေးရေးဂိတ်အတွက် အလုပ်များဆုံးနေ့ဖြစ်ခဲ့ပါတယ်။ အမေရိကန်လူမျိုး သန်း (၅၀) ကျော် ခရီးထွက်ဖို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်းက ရောဂါစစ်ဆေးရေးစင်တာမှာလည်း လူပေါင်းများစွာ စောင့်ဆိုင်းတန်းစီနေကြပါတယ်။ အမျိုးသမီးတစ်ယောက်ကဆိုရင် သူ့အမေနဲ့ ကျေးဇူးတော်နေ့ကို ကုန်ဆုံးနိုင်ဖို့အတွက် ရောဂါပိုးစစ်နေတယ်လို့ ပြောပါတယ်။ အခုလို အားလပ်ရပ်အချိန်အခါမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုကို အန္တရာယ်အရှိဆုံးအခြေအနေရောက်ရှိနေပါတယ်။ လူတွေကို ဖလော်ရီဒါပြည်နယ်က ဘားတစ်ခုမှာရှိနေတာ၊ ဥက္ကာလာဟိုးမားပြည်နယ်က ခရစ်ယာန်အခမ်းအနားပွဲတစ်ခုမှာ စုဝေးနေကြတာကိုတွေ့မြင်နေရပါတယ်။

အမေရိကန်နိုင်ငံရဲ့ပြည်နယ်တော်တော်များများမှာ ကပ်ရောဂါဖြစ်ပွားမှု ပိုဆိုးလာပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်ကလည်း တစ်ပတ်အတွင်း အထူးကြပ်မတ်ကုသဆောင်တွေ နေရာမလတ်ဖြစ်သွားနိုင်ပါတယ်။ ကျေးဇူးတော်နေ့ကစတဲ့ရက်တွေမှာ စီးပွားရေးအခြေအနေမကောင်းကြတဲ့အတွက် ဒီအားလပ်ရက်မှာ အစားအစာဖို့ အမေရိကန်လူမျိုးတော်တော်များများရုန်းကန်နေရတာကြောင့် အစားအစာအခမဲ့ပေးဝေတဲ့နေရာတွေမှာ ကားတန်းအရှည်ကြီးဖြစ်နေပါတယ်။ “အခုအချိန်အခါမှာ ဒါက အဆိုးရွားဆုံးဆာလောင်မွတ်သိပ်မှုအကျပ်အတည်းဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရက တစ်ခုခုမလုပ်ဘူးဆိုရင် ကမ္ဘာ့စီးပွားရေးကပ်ပျက်ကြီးပြီးကတည်းက မမြင်တွေ့ခဲ့ရတဲ့ အခုလိုအခြေအနေကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာဖြစ်တယ်” လို့ Hunger Free America ပရဟိတအဖွဲ့အစည်းက ဆိုထားပါတယ်။

Ref: CBSNews “Millions of Americans traveling for Thanksgiving despite coronavirus warnings”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top