နိုဝင်ဘာလကစပြီး စမတ်ဖုန်းအလုံး (၅၀) ကျော်မှာ WhatsApp ကို အသုံးပြုလို့ရတော့မည်မဟုတ်

30-9-2021-yyl2.jpg

၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ကစပြီး ဖုန်း အလုံး (၅၀) ကျော်မှာ ဝန်ဆောင်မှုပေးနေတာကို WhatsAppက ရပ်တန့်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဆိုလိုတာကတော့ မော်ဒယ်နိမ့်တဲ့ဖုန်းတွေကို ကိုင်တဲ့ (ဒါမှမဟုတ်) ဆော့ဖ်ဝဲ Update လုပ်မထားတဲ့ လူတွေကို Whatsapp အသုံးပြုလို့မရအောင် လုပ်ပစ်မှာဖြစ်ပါတယ်။

Whatsapp ရဲ့ထုတ်ပြန်ချက်အရ အခုလိုလုပ်ရတာကတော့ အသုံးပြုသူတွေအတွက် အရာရာတိုင်း လုံခြုံစိတ်ချစေဖို့ဖြစ်ပါတယ်။ Whatsapp ထုတ်ပြန်ထားတဲ့ ဖုန်းစာရင်းမှာ မော်ဒယ်နိမ့်တဲ့ဖုန်းအများစုပါဝင်တာတွေ့ရပါတယ်။ ဒါပေမဲ့ Whatsapp အသုံးပြုလို့မရအောင် ဟန့်တားခံရမယ့် ဖုန်းစာရင်းထဲက တချို့ဖုန်းတွေကတော့ ဖုန်းအသစ်ဝယ်စရာမလိုအောင် ဆော့ဖ်ဝဲ Update လုပ်ပေးလို့ရပါတယ်။ အဲဒီဖုန်းတွေကတော့ iPhone 6S၊ iPhone 6S Plus၊ iPhone SE တို့ပါပဲ။ iPhone 4s ထက် မော်ဒယ်ပိုနိမ့်တဲ့ ဖုန်းကိုင်ထားတဲ့သူကတော့ Whatsapp သုံးချင်ရင် ဖုန်းအသစ်ကို ဝယ်ယူရမှာဖြစ်ပါတယ်။ အဲဒီဖုန်းတွေက ဆော့ဖ်ဝဲ Install လုပ်လို့ရမှာမဟုတ်လို့ပါပဲ။

Apple အသုံးပြုသူတွေက သူတို့ရဲ့ဆော့ဖ်ဝဲကို Update ဘယ်လိုလုပ်ရလဲသိချင်ရင် Setting ကို သွား General ထဲက Software Update ၊ အဲဒီမှာ သင် အသုံးပြုနေတဲ့ ဗာရှင်းကို တွေ့ရပါမယ်။ Android အသုံးပြုသူတွေကတော့ အသုံးပြုနေတဲ့ဖုန်းက Android ဗာရှင်း ၄.၁ ရှိရပါမယ်။ Android ၄.၁ မရှိရင် Whatsapp ကို အသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။

နိုဝင်ဘာလ ၁ ရက်နေ့က စပြီး Whatsappက ဟန့်တားပစ်မယ့် ဖုန်းအမျိုးအစားစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Galaxy Trend Lite
Galaxy Trend II
Galaxy SII
Galaxy S3 mini
Galaxy Xcover 2
Galaxy Core
Galaxy Ace 2
Lucid 2
Optimus F7
Optimus F5
Optimus L3 II Dual
Optimus F5
Optimus L5
Best L5 II
Optimus L5 Dual
Best L3 II
Optimus L7
Optimus L7 II Dual
Best L7 II
Optimus F6, Enact
Optimus L4 II Dual
Optimus F3
Best L4 II
Best L2 II
Optimus Nitro HD
Optimus 4X HD
Optimus F3Q
ZTE V956
Grand X Quad V987
Grand Memo
Xperia Miro
Xperia Neo L
Xperia Arc S
Alcatel
Ascend G740
Ascend Mate
Ascend D Quad XL
Ascend D1 Quad XL
Ascend P1 S
Ascend D2
Archos 53 Platinum
HTC Desire 500
Caterpillar Cat B15
Wiko Cink Five
Wiko Darknight
Lenovo A820
UMi X2
Run F1
THL W8
iPhone SE
iPhone 6S
iPhone 6S Plus

Ref: Ladbible “WhatsApp Will Be Blocked On 52 Phones In November”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top