မြန်မာနိုင်ငံက ကလေးငယ် (၅) ယောက်မှာ (၂) ယောက်က လုံလောက်တဲ့ အစားအစာ စားသောက်နိုင်ခြင်းမရှိ

5c8a34ab3.jpg

ရန်ကုန်၊ စက်တင်ဘာ (၂၉)

မြန်မာနိုင်ငံ ကလေးငယ် (၅) ယောက်မှာ (၂) ယောက်က တစ်နေ့တာမှာ လုံလောက်တဲ့ အစားအစာတွေကို စားသောက်နိုင်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနီဆက်က ပြောပါတယ်။

ကလေးငယ် (၄) ယောက်မှာ (၁) ယောက်ကသာ အစာအုပ်စုအရေအတွက် အနည်းငယ်ထဲက အစားအစားတွေကိုသာ အာဟာရအဖြစ် စားသုံးနေရတယ်လို့ ၂၀၂၀ ခုနှစ် နောက်ဆုံးဒေတာတွေမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခနဲ့ ကိုဗစ်ကပ်ရောဂါဟာလည်း ကလေးတွေ အသက်ရှင်သန်ဖို့အတွက် အာဟာရပြည့်ဝပြီး ရေရှည်အကျိုးဖြစ်ထွန်းစေတဲ့ အစာအာဟာရကို ရရှိနိုင်ရေးအတွက် ပိုလို့ပင် ခက်ခဲလာစေတယ်လို့ ကုလသမဂ္ဂရဲ့အဖွဲ့အစည်းဖြစ်တဲ့ ယူနီဆက်က ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်လေးပုံတစ်ပုံခန့်ဟာ ကိုယ်ခန္ဓာသေးကွေးနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားသေးပါတယ်။

Photo- Asia Times
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top