ကယားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စိုးရိမ်ဖွယ်အနေအထားဖြစ်နေတယ်လို့ ကုလသမဂ္ဂပြော

185149241_137542091768585_5089665234317797088_n.jpg

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် လူနေအိမ်တချို့ ပျက်စီးခံခဲ့ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ရန်ကုန်၊ စက်တင်ဘာ (၂၁)

ကယားပြည်နယ်အပြင် နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်ဖွယ်အနေအထားမှာရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီဒေသတွေမှာ ကရင်နီတပ်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ပေါင်းစုနဲ့ မြန်မာတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
အခုစက်တင်ဘာလအတွင်းမှာ ကယားပြည်နယ်က လူဦးရေ (၂၂၀၀၀) ဝန်းကျင်ဟာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ- ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် လူနေအိမ်တချို့ ပျက်စီးခံခဲ့ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက လူဦးရေ စုစုပေါင်း (၂၀၆၆၀၀) ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

UNHCR ရဲ့ စက်တင်ဘာလ (၁၃) ရက်နေ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသက လူဦးရေ (၁၄၉၀၀၀) ကျော်ဟာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Photo- Social Media
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top