ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၁၀၀,၀၀၀ ကျော်လွန်ပြီ

28-5-2020-yyl-005.jpg

၄ လမပြည့်မီကာလအတွင်း အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀၀၀ ကျော်လွန်သွားခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၆၉ သန်းရှိနေပြီး ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူရဲ့ ၃၀ ရာခိုင်နှုန်းရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်လူနာကို ဇန်နဝါရီလ ၂၁ ရက်ကမှ ဝါရှင်တန်ပြည်နယ်မှာ စတင်တွေ့ရှိခဲ့တာပါ။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅.၆ သန်းရှိနေပြီး ၃၅၄၉၈၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၄၄ နှစ်ကြာမြင့်ခဲ့တဲ့ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည် အရေအတွက်နဲ့ တူညီလုနီးပါးဖြစ်နေတယ်လို့ ဘီဘီစီသတင်းဌာနရဲ့ မြောက်အမေရိကတိုက် အယ်ဒီတာ ဂျွန်ဆိုပယ်က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ ‌သေဆုံးမှု/လူဦးရေ အချိုးအစားချရင်တော့ ဘယ်လ်ဂျီယ့၊ ဗြိတိန်၊ ပြင်သစ်၊ အိုင်ယာလန်နိုင်ငံတွေရဲ့နောက် ရောက်နေပြီး အဆင့်(၉) နေရာ ရပ်တည်နေပါတယ်။ နယူးယော့ခ်ပြည်နယ်အပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ပြည်နယ်တချို့မှာ သေဆုံးမှု သိသိသာသာ ကျဆင်းလာတာ တွေ့ရပါတယ်။လူ ၂၁၀၀၀ ကျော် သေဆုံးခဲ့တဲ့ နယူးယော့ခ်မြို့မှာ ကပ်ရောဂါဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ကာလက နေ့စဉ် လူထောင်ချီသေဆုံးခဲ့ပြီး ဆေးရုံတွေမှာ ထားစရာနေရာမရှိတော့လို့ ဆေးရုံအပြင်ဘက်မှာ ယာယီရင်ခွဲရုံတွေ တည်ဆောက်ပြီး အလောင်းတွေ ထားခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top