အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးအတွက် အိန္ဒိယစစ်တပ်က စက်ရုပ်တွေ အသုံးပြုတော့မယ်

yyl-009-4.jpg

ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် အနည်းဆုံး ၂၅ နှစ် အသုံးတော်ခံနိုင်မယ့် စောင့်ကြည့်ရေးစက်ရုပ် ၅၅၀ နီးပါး အသုံးပြုနိုင်ဖို့အတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စတင်လုပ်ဆောင်နေပြီလို့ သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။ အဲဒီစက်ရုပ်တွေက လှေကားထစ်တက်နိုင်ပြီး အတားအဆီးတွေကို ရှောင်ရှားသွားနိုင်စွမ်း ရှိလိမ့်မယ်လို့ အိန္ဒိယစစ်တပ်ရဲ့ ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။

တောင်ကြားဒေသမှာ ပိတ်ဆို့ရှာဖွေမှု ပြုလုပ်ချိန်မှာ အရာရှိတွေ အန္တရာယ်မဖြစ်စေဖို့အတွက် စက်ရုပ်တွေကို ရှေ့တန်းကနေ တက်ခိုင်းမှာပါ။ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်ပကနေ မှာယူတင်သွင်းရတဲ့ ကာကွယ်ရေးပစ္စည်းတွေအပေါ် မှီခိုမှုလျှော့ချဖို့ လုပ်ဆောင်နေပြီး စောင့်ကြည့်ရေးစက်ရုပ် ထုတ်လုပ်ဖို့အတွက် အိန္ဒိယစက်ရုံလုပ်ငန်းတွေကို ရှင်းလင်းတင်ပြမှု လုပ်ခိုင်းခဲ့ပါတယ်။ စောင့်ကြည့်ရေးစက်ရုပ်တွေဟာ ပေါ့ပါးမယ်၊ အကြမ်းခံနိုင်မယ်၊ သယ်ဆောင်ရ လွယ်ကူမယ်၊ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုဒဏ် ခံနိုင်ဖို့အတွက် တုန်ခါမှု ခံနိုင်ရည်ရှိရမယ် စတဲ့ အချက်တွေနဲ့ ပြည့်စုံဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top