စီးပွားရေးလုပ်ငန်းများနှင့် အသုံးပြုသူများ စျေးဝယ်ယူရာတွင် ချိတ်ဆက်အကျိုးပြုပေးလျက်ရှိသည့် Pocket App ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

20.11.23-yyl-23.jpg

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် Digital စီးပွားရေး ရေစီးကြောင်းနှင့် အညီ စီးပွားရေးလုပ်ငန်းများနှင့် အသုံးပြုသူများကြား လွယ်ကူချောမွေ့စွာ ချိတ်ဆက်နိုင်ရေးသာမက အသုံးပြုသူများနှင့် လုပ်ငန်းရှင်များအတွက် ခိုင်မာသော ရင်းနှီးမြုပ်နှံမှုတည်ဆောက်နိုင်ရန်အတွက် Yoma Group မှ ပံ့ပိုးထားသော Loyalty Program တစ်ခုဖြစ်သည့် Pocket App ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်ကို ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ Pocket App သည် အသုံးပြုသူများအနေဖြင့် အကောင်းဆုံး ‌စျေးဝယ်မှုအတွေ့အကြုံကို ရရှိရုံသာမက စိတ်လှုပ်ရှားစရာ အစီအစဥ်များစွာပါဝင်သည့် Loyalty program တစ်ခုဖြစ်သည်။

Pocket App သည် အသုံးပြုရ လွယ်ကူသည့်အပြင် စုံလင်များပြားသည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုသူများအတွက် နေ့စဥ်လူနေမှုဘဝလိုအပ်ချက်များကို ဝယ်ယူသုံးစွဲရာတွင် Rewards (ဆုလက်ဆောင်ဘောက်ချာများ) ထပ်ဆောင်း ရယူနိုင်စေမည့် Loyalty program တစ်ခုဖြစ်သည်။

Loyalty Program

Pocket App တွင် အသုံးပြုသူများအနေဖြင့် ဝယ်ယူမှုတိုင်း၏ ကျပ် ၁၀၀ တန်ဖိုးတိုင်းအတွက် Coin တစ်ခုစီ စုဆောင်းနိုင်မည့် Loyalty Program ကို ထည့်သွင်းထားပြီး Pocket App နှင့် ချိတ်ဆက်ထားသည့် ဆိုင်များတွင် စျေးဝယ်ယူ၍ ငွေရှင်းသည့်အခါ My QR ကို ပြပြီး သုံးသည့်ပမာဏအလိုက် Coin များစုဆောင်းနိုင်မည်ဖြစ်သည်။ အဆိုပါ Coin စုဆောင်းမှုကို သတ်မှတ်ထားသည့် အရေအတွက်ပြည့်ပါက သတ်မှတ်တန်ဖိုးနှင့် ညီမျှသည့် ကြိုက်နှစ်သက်ရာ Rewards (ဆုလက်ဆောင်ဘောက်ချာများ) နှင့် ပြန်လည် လဲလှယ်အသုံးပြုနိုင်မည်ဖြစ်သည်။

STAMP CARD CAMPAIGN

Coin စုဆောင်းခြင်းအပြင် Pocket App နှင့် ချိတ်ဆက်ထားသည့် ဆိုင်များတွင် အသုံးပြုသူများအနေဖြင့် ဝယ်ယူမှုတိုင်းအတွက် Digital တံဆိပ်တုံးနှိပ်သည့် လုပ်ဆောင်ချက်ကို အသုံးပြုကာ သတ်မှတ်ထားသည့် တံဆိပ်တုံး အရေအတွက်ပေါ် မူတည်၍ စိတ်လှုပ်ရှားဖွယ်ရာ Rewards (ဆုလက်ဆောင်ဘောက်ချာများ) ကို ရယူနိုင်ဦးမည်ဖြစ်သည်။

GAME CAMPAIGN

အသုံးပြုသူများအနေဖြင့် Pocket App နှင့် Coin စုဆောင်းမှု အပြင် App အတွင်းတွင် ရင်ခုန်စိတ်ဝင်စားဖွယ်ရာ ဂိမ်းများ ထည့်သွင်းထားပြီး စျေးဝယ်ယူရာတွင် ပြန်လည် အသုံးပြုနိုင်မည့် Rewards (ဆုလက်ဆောင်ဘောက်ချာများ) နှင့် Coin များကိုလည်း ရယူ ကံစမ်းနိုင်ပါသေးသည်။

Lucky draw နှင့် Membership

Pocket App တွင် Lucky Draw ကံစမ်းရင်းဖြင့် စိတ်လှုပ်ရှားစရာ Rewards (ဆုလက်ဆောင်ဘောက်ချာများ) များ လက်ငင်းရယူနိုင်မည်ဖြစ်သလို Member ဝင်ထားပြီး အဆင့်သတ်မှတ်ချက်တွေ မြှင့်တင်လာသည်နှင့်အမျှ အခွင့်အလမ်းသစ်တွေ ခံစားနိုင်မည်ဖြစ်သည်။

Pocket App တွင် အစားအသောက်၊ ခရီးသွား၊ Wellness Lifestyle၊ ၊ အလှအပရေးရာ ဖက်ရှင်နှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် ဖျော်ဖြေရေး၊ အိမ်သုံးပစ္စည်းကိရီယာစတိုး စသည့် ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ရယူနိုင်မည်ဖြစ်ပြီး လုပ်ငန်းမိတ်ဖက် အများအပြား ပါဝင်သည့်အတွက် Pocket App အသုံးပြုသူများသည် မိမိတို့ စုဆောင်းထားသည့် Coin များနှင့် တန်ဖိုးတူညီသည့် Rewards (ဆုလက်ဆောင်ဘောက်ချာများ) ကို လဲလှယ်ရယူခြင်းအားဖြင့် စျေးဝယ်မှုကို သက်သာစေရုံသာမက Pocket App လက်တွဲဖော် လုပ်ငန်းများအနေဖြင့်လည်း စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဥ်၊ ကမ်ပိန်းများ၊ Rewards (ဆုလက်ဆောင်ဘောက်ချာများ) မှ တစ်ဆင့် အသုံးပြုသူများကို စိတ်ပါဝင်စားလာအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည့်အပြင် တိကျသည့် အသုံးပြုသူ တစ်ဦးချင်း၏ စျေးဝယ်မှုဆိုင်ရာ ကြိုက်နှစ်သက်မှုအချက်အလက်ကို အခြေခံကာ ပိုမိုထိရောက်သည့် စျေးကွက်ကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်ကာ ဝန်ဆောင်မှုအပိုင်းကိုလည်း ပိုမို အား‌သာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Yoma Group အနေဖြင့် Build a better Myanmar for its people ဟူသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ အသုံးပြုသူများ၏ နေ့စဥ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ကတိကဝတ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် Pocket App မှ တစ်ဆင့် တစ်နေရာတည်းတွင် ပြီးပြည့်စုံသည့် ဝန်ဆောင်မှုကို ပံ့ပိုးထားပါသည်။ ၎င်း Pocket App သည် နေ့စဥ်အသုံးပြုနိုင်မည့် ဝန်ဆောင်မှုဖြစ်သည့်အပြင် စျေးဝယ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းမည့် Loyalty Application တစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သည့် Digital လူနေမှုဘဝပုံစံကို ဆက်လက်ဖန်တီးသွားရန် Yoma Group အနေဖြင့် လိုအပ်သည့် အခန်းကဏ္ဍများတွင် ဆက်လက် ပံ့ပိုးမြှင့်တင်ပေးသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top