ဓမ္မစေတီမင်း ရေးထိုး ခဲ့သော ရွှေတိဂုံ ဓမ္မစေတီကျောက်စာ

shwedagon-history-ii.jpg

ရာသီဥတု သာယာလှသဖြင့် မရောက်ဖြစ်တာ ကြာပြီဖြစ်သော ရွှေတိဂုံစေတီသို့ ဖူးမျှော်ကြည်ညိုရန် သွားရောက်ဖြစ်ခဲ့သည်။

ဘုရားဖူးပြီးနောက် ရင်ပြင်အနှံ့ လှည့်လည်ကြည့်ရှုရင်း ရင်ပြင် အရှေ့မြောက်ထောင့်ရှိ ဇရပ်တစ်ခုကို သတိထားမိသည်။ အနီးကပ် ကြည့်ရှုရာ ဓမ္မစေတီကျောက်စာ ဆိုင်းဘုတ်ကို ဖတ်ရှုရသဖြင့် စိတ်ဝင်စားသူများ လေ့လာနိုင်ရန် မှတ်တမ်းရိုက်ယူပြီး ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

ရွှေတိဂုံဘုရားရှိ ဓမ္မစေတီကျောက်စာကို ရာဇာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းကြီးမှ ခရစ်နှစ် ၁၄၈၅ခုတွင် မွန်၊ မြန်မာ၊ ပါဠိဘာသာတို့ဖြင့် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ကျောက်စာတွင် ဂေါတမမြတ်ဗုဒ္ဓ ဘုရားဖြစ်သည်မှ အစပြုပြီး မြတ်ဗုဒ္ဓ၏ ဆံတော်မြတ်များကို ဋ္ဌာပနာပြီး ရွှေတိဂုံစေတီ တည်ထားပူဇော်ပုံ၊ ရှေးမင်းအဆက်ဆက်မှ ဓမ္မစေတီမင်းလက်ထက်ထိ ရွှေတိဂုံစေတီကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများကို ဖော်ပြထားသည်။

တိမ်မြှုပ်ပျောက်ကွယ်နေသော ဓမ္မစေတီကျောက်စာကို ခရစ်နှစ် ၁၈၈ဝခုတွင် အင်္ဂလိပ်အစိုးရ၏ ကျောက်စာဝန် မစ္စတာဖိုးချမ်းမားက ရွှေတိဂုံစေတီ အရှေ့ဘက် အလယ်ပစ္စယာတွင် တူးဖော် တွေ့ရှိခဲ့ပြီး စနစ်တကျ ပြန်လည် စိုက်ထူခဲ့သည်။ ၁၉၈၂ခုတွင် ဓမ္မစေတီကျောက်စာ သုံးချပ်အား ဘုရားဖူးများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဂေါပကအဖွဲ့မှ အရှေ့ဘက်အလယ်ပစ္စယာမှ ရင်ပြင် အရှေ့မြောက်ထောင့် (လက်ရှိနေရာ) သို့ ပြောင်းလဲစိုက်ထူခဲ့သည်။ ၁၉၉၆ခုတွင် ရွှေတိဂုံ ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်ရာတွင် မူလဓမ္မစေတီကျောက်စာ တည်ရှိခဲ့သောနေရာတွင် ကျောက်စာရုံ ဆောက်လုပ်ကာ ကျောက်စာမူပွား သုံးချပ်ကို ရေးထိုးစိုက်ထူခဲ့သည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top