ဆတ်ဆတ်ထိမခံတဲ့သူတွေအကြောင်း

beautiful-woman-portrait-P5L6BVH-e1565596081126.jpg

လေ့လာချက်များအရ လူဦးရေရဲ့ ၁၅ကနေ ၂ဝရာခိုင်နှုန်းတွေဟာ တော်တော်လေးကို ဆတ်ဆတ်ထိမခံကြတဲ့သူပါ။ ဒါပေမယ့် လူတော်တော်များများဟာ အဲ့ဒါက ဘာကိုဆိုလိုတာလည်းဆိုတာ မသိကြပါဘူး။ ဆတ်ဆတ်ထိမခံတတ်ကြတဲ့သူတွေမှာ တိကျပြီး မြင်သာတဲ့ အကျင့်တွေ ရှိကြပါတယ်။

သူတို့ဟာ လုပ်စရာအများကြီးရှိတဲ့အခါမှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြပါတယ်

ဆတ်ဆတ်ထိမခံကြတဲ့ သူတွေဟာ လုပ်စရာအများကြီးရှိတဲ့အခါမှာ လက်ရှိ အလုပ်တစ်ခုကိုတောင် ပြီးမြှောက်အောင် လုပ်ဖို့ အတော်လေး ခဲယဉ်းသွားလေ့ရှိပါတယ်။ သူတို့ဟာ စိတ်လှုပ်ရှားလာပြီး စိတ်ဖိစီးမှု အဆင့်တိုးလာတဲ့အပြင် အကြံဉာဏ်သစ်တွေ ထုတ်လုပ်နိုင်စွမ်းလည်း လျော့ကျလာပါတယ်။

သူတို့ဟာ ဆူညံတဲ့ပတ်ဝန်းကျင်ကို ပရမ်းပတာဖြစ်တယ်လို့ တွေးတယ်

အရမ်းကို ဆတ်ဆတ်ထိမခံတဲ့သူတွေဟာ သူတို့အနားမှာ ရှုပ်ယှက်နေတဲ့ အမြင်၊ အသံ၊ အနံ့နဲ့ လှုပ်ရှားမှုတွေအပေါ်  ပိုပြီး အာရုံရောက်ပြီး ရုံးအလုပ်မှာ ကောင်းကောင်းအာရုံမစိုက်နိုင် ဖြစ်တတ်ပါတယ်။

သူတို့ဟာ လွယ်လွယ်နဲ့ ဒေါသထွက်တတ်ပါတယ်

ဆတ်ဆတ်ထိမခံတဲ့ သူတွေဟာ ဗိုက်ဆာလေ ဒေါသထွက်လေပါဘဲ။ သူတို့ဟာ သူတို့ရဲ့ စိတ်ခံစားချက် ထွက်ပေါက်ကို အနီးအနားမှာရှိတဲ့ လှုပ်ရှားမှုတွေအပေါ်မှာလည်း ထုတ်ပြတတ်ပါတယ်။

သူတို့ဟာ စစ်ဆေးခံရရင် အရမ်းကို စိတ်ကျဉ်းကျပ်ပါတယ်

သူတို့ဟာ သူတို့ဘာသာ သီးသန့် တိုးတိုးတိတ်တိတ်လုပ်ရတဲ့ အလုပ်တွေမှာ ပိုပြီးတော့ လုပ်ဆောင်ချက် ကောင်းပါတယ်။ သူတို့ သူဌေးရှေ့မှာ ရုံးလုပ်ငန်းတွေ တင်ပြရတာမျိုးတို့ဆိုရင် အရမ်းကို စိတ်လှုပ်ရှားလာပြီး အဲ့ဒီဖိအားကြောင့် သူတို့ရဲ့လုပ်ဆောင်ချက် ကျလာတတ်ပါတယ်။

သူတို့ဟာ အနုပညာအပေါ် ခံစားလွယ်ပါတယ်

ပြဇာတ် (သို့) အနုပညာ ပြခန်းတွေကို သွားပြီးကြည့်တဲ့အခါမှာ သူတို့တွေဟာ အနုပညာကို အလေးထားကြောင်း တွေ့ရှိရပါတယ်။ တီထွင်ဉာဏ် ကွန့်မြူးတဲ့ သရုပ်ဖော်ချက်တွေက သူတို့ရဲ့ခံစားချက်ကို ထိုးထွင်းနိုင်ပါတယ်။

သူတို့ဟာ တစ်ခြားသူတွေ မသက်မသာဖြစ်နေတာကိုလည်း သာမန်လူတွေထက် သိမြင်နိုင်ပါတယ်

သူတို့လိုလူမျိုးတွေဟာ တစ်ခြားသူတွေ မီးအလင်းရောင် နည်းနည်းမှိန်အောင် လုပ်ပေးဖို့ လိုအပ်တာတို့ သီချင်းသံကို တိုးပေးဖို့လိုတာတို့ကို ခံစားသိမိနိုင်ပါတယ်။ တစ်ခြားသူတွေ စိတ်ရှုပ်သွားတာတို့ကိုလည်း လွယ်လွယ်ကူကူ သိနိုင်ပါတယ်။

သူတို့ဟာ အရမ်းကို စိတ်ရှုပ်လာပြီဆိုရင် အနားပြန်ယူတတ်ပါတယ်

ပင်ပန်းတဲ့ တစ်နေ့တာလုံး (သို့) တစ်ပတ်လုံးပြီးတဲ့အခါမှာ ပြန်ပြီး အင်အားဖြည့်တင်းဖို့ လိုအပ်ပါတယ်။ မှောင်မိုက်နေတဲ့ အိပ်ရာလိုနေရမျိုးကတော့ သူတို့အတွက် ပြန်လည်စတင်ဖို့ အကောင်းဆုံးဖြစ်တဲ့ နေရာတွေပါဘဲ။

အသံကျယ်တွေ ကြားရတဲ့အခါမှာ လုံးဝမသက်မသာခံစားရပါတယ်

ရော့ခ်တေးဂီတပွဲတွေ၊ ဆူညံတဲ့ မီးရှူးမီးပန်းပွဲတွေက ဆတ်ဆတ်ထိမခံတဲ့လူတွေအတွက်တော့ ပျော်စရာကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီလိုဆူညံတဲ့ ပွဲလမ်းသဘင် သူတို့ရဲ့ တံခါးဝဟာ တစ်ခြားလူတွေထက် ပိုပြီး ကျဉ်းမြောင်းပါတယ်။

သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ သတင်းမီဒီယာတွေကို ရှောင်ရှားပါတယ်

လူသတ်တဲ့ရုပ်ရှင်တို့၊ ဗီဒီယိုဂိမ်းတွေကို ရှောင်ရှားပါတယ်။ အဲ့လိုလူမျိုးတွေဟာ အရမ်းကိုသိသာပါတယ်။ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကို တူတူကြည့်နေကြချိန် သင့်အနားကနေ ထွက်သွားမှာပါ။

ချုံ့ပြောရမယ်ဆိုရင် ဆတ်ဆတ်ထိမခံတဲ့သူတွေမှာလည်း ကောင်းကွက်တွေ ရှိပါတယ်။ လူတွေတော်တော်များများဟာ သူတို့ရဲ့ စိတ်လှုပ်ရှားလွယ်မှုနဲ့ စိတ်ဓာတ်ကျလွယ်မှုတွေကြောင့် အန္တရာယ်ရှိတယ်လို့ တွေးကြပေမယ့် တစ်ဖက်မှာလည်း တစ်ခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို ခြုံငုံကြည့်နိုင်တဲ့အပြင် တီထွင်ဉာဏ်လည်း မြင့်မားပါတယ်။ ဆတ်ဆတ်ထိမခံတဲ့ အရာဟာ အထူးတလည် ပြင်ဖို့လိုအပ်တဲ့ စိတ်ရောဂါတစ်ခု မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဆတ်ဆတ်ထိမခံတဲ့ သူတစ်ဦးလို့သိထားရုံနဲ့တင် သင့်ကိုယ်သင် ထိန်းလာနိုင်ပြီး သင့်ရဲ့လိုအပ်ချက်ကို သိလာနိုင်မှာပါ။

Ref: Psychology Today:9 Common Traits of Highly Sensitive People

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top