မျက်နှာပြင် အမည်းစက်လေးများကို အထိရောက်ဆုံး ဖယ်ရှားနည်းလေးများ

female-face-PFPPHY3.jpg

နေရောင်ခြည်ရဲ့ အသားအရေကို အန္တရာယ်ဖြစ်စေတဲ့ UV ရောင်ခြည်များကြောင့် အမည်းစက်များ မျက်နှာပြင်မှာ ဖြစ်ပွားတတ်ပါတယ်။ ပဝါများနဲ့ ထီးများက နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပေမဲ့လည်း အပြင်မထွက်ခင် မိနစ် ၂ဝခန့်မှာ Sunscreen အမြဲလိမ်းပေးပါ။

ဒီလို ကြိုတင်ကာကွယ်ထားပေမယ့်လည်း တစ်ခါတရံမှာ အမည်းစက်တွေဟာ အလွယ်တကူပဲ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို အမည်းစက်တွေကို ရှင်းလင်းနိုင်ဖို့ နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

သံပုရာနှင့် ပျားရည်

ပျားရည်နှင့် သံပုရာ နှစ်ဇွန်းကို ရောမွှေ၍ မျက်နှာပေါ်တွင် လိမ်းပေးပါ။ မိနစ်အနည်းငယ်ခန့်ကြာပြီးလျှင် မျက်နှာကို ဆေးကြောသန့်စင်ပေးပါ။ ထူးခြားဖွယ် ရလဒ်ကို ခံစားရမှာပါ။ သံပုရာက အသားအရေကို ဖြူစေပြီး ပျားရည်ကတော့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

Coconut oil

Coconut oil က မျက်နှာပြင်ပေါ်ရှိ အမည်းစက်များကို ဖယ်ရှားရှင်းလင်းပေးကာ ရေဓာတ်ဖြည့်တင်းပေးပြီးတော့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။

Sunscreen

နေပူထဲ မထွက်ခင် မိနစ်၂ဝခန့်မှာ sunscreen ကို လိမ်းပေးရင် အသားအရေအတွက် အန္တရာယ်ဖြစ်စေတဲ့ UV ရောင်ခြည်ကြောင့် ဖြစ်စေတဲ့ အမည်းစက်များ၊ နေလောင်ခြင်းများ ဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။

ဆစ်ထရစ်ဓာတ်ပါဝင်သော အသီးများ

ဆစ်ထရစ်ဓာတ ္ပါဝင်တဲ့ အသီးများဟာ အသားအရေကို အမည်းစက်ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို လင်းလက်ပေါ့ပါးစေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပြီး ကိုလက်စထရောကို လျော့နည်းစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကတော့ အသားအရေ ပြဿနာများအားလုံးအတွက် အံ့ဩဖွယ်ရလဒ်တွေကို ပေးစွမ်းနိုင်တဲ့ သဘာဝဆေးတစ်လက်ပဲ ဖြစ်ပါတယ်။ အသားအရေကို နူးညံ့ချောမွေ့စေပြီး အမည်းစက်တွေကိုလည်း လျော့နည်း သက်သာစေပါတယ်။ အသားအရေပေါ်မှာ ရှားစောင်းလက်ပတ်ဂျယ်လေးကို လိမ်းပြီး မျက်နှာသစ် ဆေးကြောသန့်စင်လိုက်ရင် အသားအရေလေး အမြဲတမ်း ကြည်လင်တောက်ပနေစေမှာပါ။

သံလွင်ဆီ

သံလွင်ဆီကတော့ ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံးပါပဲ။ သံလွင်ဆီမှာ အမည်းစက်များကို လျော့ပါးသက်သာစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ အသားအရေပေါ်မှာ လိမ်းပေးပြီး ၁ဝမိနစ်ခန့်ကြာ ထားပြီး ဆေးကြောပေးလိုက်ရင် အကောင်းဆုံးရလဒ်ကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Ref : Beauty : 8 effective ways to remove dark spots on your face

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top