ရက်ထပ်ရက်ဖွားမိခင်က ကလေးကို ရက်ထပ်ရက်မှာပဲ မွေးဖွားခဲ့ရ

1.3.24-yyl-19.jpg

လွန်ခဲ့တဲ့ နှစ် ၄၀ က ရက်ထပ်ရက်မှာ မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ဦးက သူ့ရဲ့ရင်သွေးလေးကို ဖေဖော်ဝါရီ ၂၉ (ရက်ထပ်ရက်) မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ဆရာဝန် ကိုင်ဆန်းဆိုသူဖြစ်ပြီး သူ့ရဲ့တတိယမြောက်ကလေး၊ သမီးမိန်းကလေး ခလိုအေးကို မွေးဖွားခဲ့တာပါ။

မွေးဖွားရမယ့်ရက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ဖြစ်ခဲ့ပေမဲ့ ၃ ရက်အကြာမှ ၆ ပေါင် ၁၃ အောင်စရှိတဲ့ ခလိုအေးကို မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကိုင်ဆန်းက သမီးဖြစ်သူဟာ သူနဲ့ မွေးနေ့တူဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့ ပြောနေခဲ့တာပါ။ အခုတော့ သူ ဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားခဲ့ပါတယ်။ အခု မိခင်ရောကလေးပါ ကျန်းမာကြပါတယ်။

Ref: Mom born on Leap Day welcomes baby on Leap Day

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top