သီတဂူဆရာတော်ကြီးက ရန်ကုန်တိုင်းရဲ့ မြို့နယ် ၂၉ မြို့နယ်အတွင်းက ၁၀ ပါးအထက် သီတင်းသုံး နေထိုင်ကြတဲ့ သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းအတွက် ဆန်အိတ်ပေါင်း ၁၆,၀၀၀ ကျော်နဲ့ ဆီပိသာချိန်ပေါင်း ၁၆,၀၀၀ ကျော်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အဲဒီကျောင်းတိုက်တွေမှာရှိတဲ့ သီလရှင် ၁၆,၃၇၇ ပါးအတွက် တစ်ပါးကို ဆန် ၁၆ ပြည်ပါရှိတဲ့ တစ်တင်းအိတ်(၁)အိတ်နဲ့ ဆီ(၁)ပိသာကို ဇွန် ၈ ရက်၊ မွန်းလွဲ ၁ နာရီကစတင်ပြီးတော့ လှူဒါန်းသွားဖို့ ပြင်ဆင်နေပါတယ်။
ကနဦးအနေနဲ့ ဒဂုံမြို့သစ်( တောင်ပိုင်း)၊ ဒဂုံမြို့သစ်( မြောက်ပိုင်း)၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ စတဲ့ ၅ မြို့နယ်က သီလရှင်ကျောင်းတိုက် ၄၆ ကျောင်းမှာရှိတဲ့ သီလရှင် ၂,၇၂၈ ပါးကို စတင် လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်ရှိတဲ့ မြို့နယ် ၂၄ မြို့နယ်က သီလရှင်ကျောင်းတိုက်တွေကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနဲ့ သာသနာရေးဌာနတွေကတစ်ဆင့် ကျောင်းတိုက်အရောက်ပို့ဆောင်ပေးနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။
kst ( ရိုးရာလေး)