ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံး အိန္ဒိယဈေးကွက်နှင့် ONE Championship

8-6-2020-yyl-024.jpg

၂၀၁၁ ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ သက်တမ်း ၉ နှစ်တာအတွင်းမှာပဲ သိသာထင်ရှားတဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းလည်းဖြစ်တဲ့ ONE Championship ဟာ ကမ္ဘာပေါ်က အခြားသောအဖွဲ့အစည်းတွေကို အမီလိုက်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနေတယ်လို့ဆိုနိုင်ပါတယ်။ ONE Championship ရဲ့ရည်ရွယ်ချက်ပေါင်းများစွာထဲမှာ အာရှတိုက်ရဲ့ ကိုယ်ခံပညာရပ်တွေကို ကမ္ဘာ့စင်မြင့်ထက် ပို့ဆောင်ပေးနိုင်ရေး၊ ထက်သန်ပြင်းပြမှုအပြည့်ရှိသူတွေကို ရည်ရွယ်ချက်အရောက် ဆောင် ကြဉ်းပေးနိုင်ရေး၊ အာရှတိုက်သားတွေရဲ့စည်းလုံးညီညွတ်မှုနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ရေး စတာတွေလည်း ပါဝင်ပါတယ်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားဟာ ဆယ်စုနှစ် ၂ ခုလောက်အတွင်း လူကြိုက်များထင်ရှားတဲ့ အားကစားနည်းတစ်ခုဖြစ်လာနေပြီး ဘောလုံး၊ ဘတ်စကက်ဘော၊ ခရစ်ကတ်တို့လိုပဲ ပေါ်ပြူလာဖြစ်လာပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာပေါင်းစုံကနေ ကြည့်ရှု မှုအများဆုံး အားကစားအဖွဲ့အစည်းစာရင်းထဲ အခြားသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းတွေကိုကျော်ဖြတ်ကာ အ ဆင့် ၄ နေရာမှာရပ်တည်နိုင်ခဲ့တဲ့ ONE Championship ဟာ တောင်အာရှဒေသအတွင်း အိန္ဒိယဈေးကွက်ကို စိုးမိုးနိုင်ရေးအတွက် မ ဟာဗျူဟာ ချမှတ်ထားပါတယ်။ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ စတဲ့ နိုင်ငံ ၈ ခုနဲ့ဖွဲ့စည်းထားတဲ့ တောင်အာရှဒေသရဲ့လူဦးရေ ၁ ဒသမ ၈ ဘီလီယံကျော်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံးဒေသလည်းဖြစ်ပါ တယ်။

ဒါကြောင့် ONE Championship က ပရိသတ်ဦးရေအများအပြားရနိုင်တဲ့ တောင်အာရှဈေးကွက်ကို စိုးမိုးနိုင်ရေးဆိုတဲ့ မဟာဗျူဟာတစ် ရပ် ချမှတ်ထားပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံကို မျက်စိကျနေတာပါ။ လူဦးရေ ၁ ဒသမ ၃ ဘီလျံရှိတဲ့ အိန္ဒိယဟာ တရုတ်ပြီးရင် ကမ္ဘာ့ဒု တိယလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေးကော်ပိုရေးရှင်းကြီးတွေအတွက်သာမက အားကစားအဖွဲ့အစည်းတွေအတွက်လည်း မက်မောစရာဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ စတဲ့နယ်ပယ်စုံမှာ ထိပ်တန်းနိုင်ငံကြီးအဖြစ် ရပ်တည်နေတဲ့ အိန္ဒိယဟာ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်မှာတော့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ မြန်မာတို့လို ကမ္ဘာ့ချန်ပီယံခါးပတ်ရ အားကစားသမားတွေ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါ ဘူး။ အိန္ဒိယနိုင်ငံရဲ့အဓိကအားကစားနည်းက ခရစ်ကတ်ဖြစ်ပြီး ကျန်တဲ့အားကစားနည်းတွေကိုတော့ သိပ်ပြီး မက်မက်စက်စက် အား ပေးတာမျိုး မရှိပါဘူး။

ဒါပေမဲ့လည်း ဒီဘက်နှစ်ပိုင်းမှာတော့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို စိတ်ပါဝင်စားတဲ့ အိန္ဒိယနိုင်ငံသားတွေရှိလာပြီး အထူးသ ဖြင့် ONE Championship ပြိုင်ပွဲတွေကို တခုတ်တရကြည့်ရှုတဲ့ အိန္ဒိယပရိသတ်ဦးရေက တစ်စတစ်စ များပြားလျက်ရှိပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်လျက်ရှိတဲ့ အားကစားသမားတွေကြောင့်လည်းဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့တွဲဆိုင်းတွေကို ကြည့် ရှုခွင့်ရနေတာကြောင့်လည်း ဖြစ်ပါတယ်။ Sky Sports ရုပ်သံဟာ ၂၀၁၉ ခုနှစ်ကစလို့ ONE Championship ပြိုင်ပွဲတွေကို အိန္ဒိယနိုင်ငံ မှာ ထုတ်လွှင့်ပြသခဲ့ပြီး ယမန်နှစ်အတွင်း ကြည့်ရှုသူအရေအတွက်က သန်း ၂၀ အထိ ရှိခဲ့ပါတယ်။ နိုင်ငံလူဦးရေနဲ့ကြည့်ရင် ရုပ်သံပရိ သတ်အရေအတွက်က နည်းတယ်လို့ဆိုနိုင်ပေမယ့်လည်း ခရစ်ကတ်ပြိုင်ပွဲတွေပြီးရင် ONE Championship ပြိုင်ပွဲတွေကိုကြည့်ရှုတဲ့အ ရေအတွက်က အားရစရာပါပဲ။

အိန္ဒိယပရိသတ် သန်း ၂၀ အနက် တစ်ဝက်ဖြစ်တဲ့ ၁၀ သန်းက အမျိုးသမီးပရိသတ်တွေဖြစ်နေတာကလည်း ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဇာတ်နိမ့်ဇာတ်မြင့်၊ ကျားမ ခွဲခြားမှု ပြသနာတွေရှိနေဆဲဖြစ်တဲ့ အိန္ဒိယမှာ ပရိသတ်တစ်ဝက်လောက်က အမျိုးသမီးတွေဖြစ်နေတာက အားရစရာအနေအထားလို့ဆိုနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ONE Championship ရဲ့ပြိုင်ပွဲတွေကို ရပ်ဆိုင်းထားရပေမယ့်လည်း ယခုနှစ်အတွင်း အိန္ဒိယရုပ်သံပရိသတ်အရေအတွက်က သန်း ၃၀ ခန့်အ ထိ မြင့်တက်လာဖွယ်ရှိတယ်လို့ ONE Championship မှာ Chief Commercial Officer အဖြစ် လုပ်ကိုင်နေတဲ့ Hari Vijayan က ဖွင့်ဟ ပါတယ်။ အိန္ဒိယအားကစားသမားတွေဖြစ်တဲ့ Ritu “The Indian Tigress” Phogat၊ Arjan “Singh” Bhullar တို့ကြောင့်လည်း တောင် အာရှရဲ့အင်အားအကြီးဆုံးနိုင်ငံမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားက စိတ်ဝင်စားမှုပိုမိုမြင့်တက်လာတာပါ။

အိန္ဒိယနိုင်ငံရဲ့နာမည်ကျော် နပမ်းမျိုးရိုးက ဆင်းသက်လာတဲ့ Phogat ဟာ အစ်မဖြစ်သူ Geeta လိုပဲ ဓနသဟာယ နပမ်းပြိုင်ပွဲမှာ ရွှေတံ ဆိပ်ရယူခဲ့သူဖြစ်ပြီး ONE Championship အဖွင့် ၂ ပွဲဆက် အနိုင်ရထားပါတယ်။ ကနေဒါနိုင်ငံမှာမွေးဖွားခဲ့တဲ့ Bhullar ကတော့ UFC အပါအဝင် နာမည်ကျော်အားကစားအဖွဲ့အစည်းတွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးပြီး ONE ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစား Brandon “The Truth” Vera နဲ့ ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ထိုးသတ်ခွင့်ရထားပါတယ်။ အိန္ဒိယနိုင်ငံသားတွေကလည်း ကမ္ဘာ့ချန်ပီယံခါးပတ် ရယူနိုင်တဲ့ နိုင်ငံကိုယ်စားပြုအားကစားသမားတွေ ထွက်ပေါ်လာဖို့ စိတ်အားထက်သန်နေပါတယ်။

“အိန္ဒိယနိုင်ငံဟာ ဖြစ်နိုင်စရာတွေအများကြီးရှိတဲ့ ဈေးကွက်ဖြစ်ပြီး ရေရှည်လက်တွဲသွားရမယ့်နိုင်ငံအဖြစ် ကျွန်တော်တို့ရှုမြင်ထားပါ တယ်။ ခရစ်ကတ်ကလွဲလို့ အခြားသော အားကစားနည်းတွေကိုကြည့်မယ်ဆိုရင် Kabaddi(တစ်ဖက်လျှင် ၇ ဦးစီပါဝင်ကာ တစ်ဖက်အသင်းမှ ကစားသမားတစ်ဦးကို အခြားအသင်းမှ ၇ ဦးက လိုက်ဖမ်းရသောကစားနည်း)၊ ဘောလုံးတို့က မျိုးဆက်သစ်အိန္ဒိယနိုင်ငံသား တွေကို လွှမ်းမိုးနိုင်တယ်။ ကျွန်တော်တို့အတွက်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနည်းရဲ့တန်ဖိုးတွေ၊ ပြင်းပြမှုတွေကို အိန္ဒိယ နိုင်ငံသားတွေနဲ့ မိတ်ဆက်ချပြပြီး ဘယ်လိုအားကစားလဲဆိုတာ ပြသဖို့အချိန်ကောင်းပါပဲ။ အိန္ဒိယမှာ ONE Championship ပရိသတ်က တစ်စတစ်စများပြားလာပြီး ဒီနှစ်မှာလည်း ရုပ်သံကြည့်ပရိသတ်အရေအတွက်က သန်း ၃၀ လောက်အထိရှိလာမှာပါ” လို့ Hari Vijayan က ဆိုပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top