ရှောက်ဖျော်ရည်(၁)လီတာကို (၁၇) စက္ကန့်အတွင်း သောက်ပြပြီး ကမ္ဘာ့စံချိန်ချိုးခဲ့သူ

8-6-2020-yyl-006.jpg

အမေရိကန်နိုင်ငံက အမျိုးသားတစ်ဦးဟာ (၁၇) စက္ကန့်အတွင်းမှာ ရှောက်ရည် (၁) လီတာကို သောက်ပြရင်းနဲ့ ကမ္ဘာ့စံချိန်အသစ်ချိုးခဲ့တယ်လို့ သိရပါတယ်။ အိုင်ဒါဟိုပြည်နယ်မှာနေထိုင်တဲ့ ဒေးဗစ် ရက်ချ်ဟာ အရင်က (၁၇.၁၂) စက္ကန့်နဲ့ စံချိန်တင်ခဲ့တဲ့ အန်ဒရီ အော့အစ်ထက် ကျော်လွန်ပြီး (၁၆.၅၃) စက္ကန့်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်အတွက် လေ့ကျင့်မှုမပြုလုပ်ခဲ့ရတဲ့အချက်ကတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

သူ့ရဲ့ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး သူ့ဝက်ဆိုဘ်မှာ ရေးခဲ့တာက “တကယ်တော့ ရှောက်ရည်နဲ့ ဒီစံချိန်ချိုးဖို့အတွက် ကျွန်တော် လေ့ကျင့်မှုတွေမပြုလုပ်ခဲ့ဖူးပါဘူး။ ရေ (၁)လီတာကိုသာ (၂) ကြိမ် လေ့ကျင့်ခဲ့တာပါ။ ဒါပေမဲ့ ပိုက်ကနေဆင့် ရေ လီတာဝက်ကို အလျင်မြန်ဆုံးသောက်နိုင်ဖို့ ကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရပါတယ်။ စက္ကန့်အတွင်း ဖျော်ရည်လီတာဝက်ကို ဗိုက်ထဲထည့်ရတာနဲ့ ရေ(၁)လီတာကို ထည့်ရတာကွာခြားချက်က (၄) နှစ်သားလေး ဗိုက်ကိုလက်သီးနဲ့ ထိုးလိုက်သလို မန်နီ ပက်ကွီအိုရဲ့လက်သီးနဲ့အထိုးခံရသလိုပါပဲ။ ဖျော်ရည်ကို မြန်မြန်ဆန်ဆန်သောက်နိုင်မယ်လို့ ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိခဲ့တာပါ။ ရှောက်ရည် လည်ချောင်းမှာဆို့နေရင်၊ မျိုမချနိုင်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတော့ထုတ်မိပါတယ်” လို့ ဒေးဗစ်က ဆိုပါတယ်။

ဒေးဗစ်ဟာ ကမ္ဘာ့စံချိန်တင်ရလောက်အောင် ဖျော်ရည်ကို စက္ကန့်အနည်းငယ်နဲ့မျိုချနိုင်တာကို ဗီဒီယိုထဲမှာတွေ့မြင်ရမှာပါ။ “ဗိုက်ကို ဆန့်လိုက်ရင် အရမ်းတော့ သက်တောင့်သက်သာမဖြစ်ပါဘူး။ ကျွန်တော် ဗိုက်မအီမသာဖြစ်လို့ လှုပ်တောင်မလှုပ်ချင်ခဲ့ပါဘူး။ သက်တောင့်သက်သာဖြစ်သွားဖို့အတွက် မိနစ်အနည်းငယ်လောက်မလှုပ်ရှားဘဲ မတ်တပ်ရပ်နေခဲ့ရပါတယ်။ ဂင်းနစ်စ်စံချိန်က ဗိုက်ထဲမှာ ရှိနေတဲ့ ရှောက်ရည်ကြာချိန်ကို သတ်မှတ်ခဲ့တာမဟုတ်ပါဘူး”လို့ ဒေးဗစ်က ပြောပါတယ်။

ကိုယ်ပိုင်အစွမ်းအစ၊ စွမ်းရည်တွေနဲ့ ကမ္ဘာ့စံချိန်တင်တဲ့အရေအတွက်က အနည်းငယ်သာရှိပါတယ်။ ဒေးဗစ်က အသက် (၃၀) နဲ့ (၃၅) နှစ်ကြားမှာ စက္ကန့်အနည်းငယ်နဲ့ သံပုရာရည် (၁) လီတာကို သောက်နိုင်လို့ ကမ္ဘာ့စံချိန်ချိုးလိုက်နိုင်တာဖြစ်ပါတယ်။ ဒေးဗစ်က STEM ပညာရေး (သိပ္ပံ၊နည်းပညာ၊အင်ဂျင်နီယာပိုင်းနဲ့သင်္ချာ) ကို မြှင့်တင်ပေးဖို့အတွက် သူ့အချိန်တော်တော်များများကို ရင်းနှီးထားသလို စိတ်စွမ်းအားမြင့်မားဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။

ဗီဒီယိုကြည့်ရန်

Ref: Man Breaks World Record By Drinking Litre Of Lemon Juice In 17 Seconds

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top