ဇနီးရဲ့ဆန္ဒကြောင့် နာမည်ကြီး ရေအောက်ဓာတ်ပုံဆရာဖြစ်လာခဲ့သူ

22-6-2020-yyl-034.jpg

သမုဒ္ဒရာကြီးက ဓာတ်ပုံဆရာတွေအတွက် အနုပညာဖန်တီးလို့ရတဲ့ အရာတစ်ခုလို့ပြောနိုင်ပါတယ်။ ဟာဝိုင်ယီပြည်နယ်က ရေအောက်ရှုခင်းတွေကို ရိုက်ကူးတဲ့ဓာတ်ပုံဆရာက ကလက်ခ် လစ်တယ် ဆိုသူအမျိုးသားဟာ ရင်သပ်ရှုမောစေမယ့် ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် အားပြင်းတဲ့လှိုင်းလုံးတွေအလယ်မှာ နေရတာကို ကြိုက်နှစ်သက်ပါတယ်။ သူ့ဇနီးကြောင့်သာ မဟုတ်ရင် ဒီလိုနာမည်ကြီးဓာတ်ပုံတွေလည်း ရှိလာမှာမဟုတ်ဘူးလို့ သိရပါတယ်။ သူ့ဇနီးရဲ့ဆန္ဒက သူ့ကို ရေအောင်ဓာတ်ပုံဆရာအဖြစ် ပြောင်းလဲသွားစေခဲ့တာပါ။

ကလက်ခ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ၁၉၆၈ခုနှစ်က မွေးဖွားခဲ့တာပါ။ သူ့မိသားစုက ဟာဝိုင်ယီပြည်နယ်က ကမ်းခြေတစ်ခုမှာ ပြောင်းရွေ့နေထိုင်ပြီး (၂) နှစ်အကြာမှာ သူ့အနာဂတ်ကို ပြောင်းလဲစေခဲ့ပါတယ်။ သူ့အသက် (၂၀) မှာ Waimea Bay မှာ ရေလွှာချောစီးရတာကို ကြိုက်နှစ်သက်ခဲ့ပြီး နောက်ပိုင်းမှာ ကျွမ်းကျင်တဲ့ ရေလွှာလှိုင်းစီးတဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရေလွှာလှိုင်းစီးတဲ့သူကနေ ရေအောက်ဓာတ်ပုံဆရာဖြစ်အောင် သူ့ဇနီးပြောင်းလဲခဲ့ပါတော့တယ်။ ၂၀၀၇ခုနှစ်မှာ ကလက်ခ်ရဲ့ဇနီးက သူတို့အိမ်ခန်းနံရံမှာ ချိတ်ဖို့ သမုဒ္ဒရာဓာတ်ပုံကို ဝယ်ချင်ခဲ့တာပါ။ အဲဒီအချိန်မှာ ကလက်ခ်က သူကိုယ်တိုင် သမုဒ္ဒရာပုံတွေကို ရိုက်ပြီး နံရံမှာချိတ်လို့ရနိုင်တယ်လို့ တွေးမိခဲ့တာပါ။ အဲဒီနောက်မှာ ရေစိုခံကင်မရာတစ်လုံးကို ဝယ်ယူပြီး သမုဒ္ဒရာထဲကို ခုန်ချကာ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတော့တယ်။

အချိန်ခဏအတွင်းမှာပဲ ကလက်ခ်ရဲ့ဓာတ်ပုံတွေက ဂျပန်၊ ကနေဒါ၊ ဘရာဇီး၊ စပိန်နဲ့ အမေရိကန်တစ်ဝှမ်းရှိ ဓာတ်ပုံပြပွဲအပါအဝင် ကမ္ဘာ့တစ်ဝှမ်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ကလက်ခ်ရဲ့ဓာတ်ပုံတွေကို တစ်ခါတလေ လှိုင်းလုံးတွေကြားကနေ၊ တစ်ခါတလေ လှိုင်းလုံးတွေထဲကနေ ရိုက်ကူးရတာဖြစ်တဲ့အတွက် အန္တရာယ်များပါတယ်။ အဲဒါကြောင့်ပဲ မြေပြင်မှာပဲ ရိုက်တဲ့ဓာတ်ပုံတွေနဲ့ ယှဉ်လို့မရတာဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ဓာတ်ပုံတွေ ကမ်းစပ်နားလှိုင်းတွေနီးကပ်လာတဲ့ဓာတ်ပုံတွေလို့ ကလက်ခ်က ပြောပါတယ်။ ဓာတ်ပုံတွေက ရိုက်ရတဲ့ အန္တရာယ်များပေမယ့် အရမ်းလှပါတယ်။ ပြီးပြည့်စုံတဲ့ရိုက်ချက်ဖြစ်ဖို့အတွက် ကျောက်ဆောင်၊ သဲသောင်၊ အုန်းပင်နဲ့ နေရောင်ခြည်တွေနဲ့ ပေါင်းစပ်ဖန်တီးရတာဖြစ်ပါတယ်။

ကလက်ခ်က သူ့အလုပ်ကို ဘယ်အရာနဲ့မှ ပြောင်းလဲသွားစေမှာမဟုတ်ကြောင်းနဲ့ ရိုက်ကူးခဲ့တဲ့ အရာတွေကို မှတ်တမ်းတင်ထားရတာ သူ အရမ်းကံကောင်းကြောင်း ဖွင့်ဟထားပါတယ်။ ကလက်ခ်က ၂၀၁၁ခုနှစ်မှာ အနုပညာလက်ရာစာအုပ် (၃) အုပ်ကို ထုတ်ဝေခဲ့ပြီး ဟာဝိုင်ယီမှာလည်း Clark Little Gallery Haleiwa ဆိုတဲ့ ဓာတ်ပုံပြခန်းကို ဖွင့်ထားပါတယ်။ ၂၀၁၆ခုနှစ်မှာ SHOREBREAK: The Clark Little Story အမည်ရတဲ့ ဇာတ်ကားလည်း ထွက်ရှိခဲ့ပါတယ်။

Ref: How a Wife’s Simple Wish Turned a Man Into a Famous Ocean Photographer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top