မိုးခေါင်မှုကြောင့် ရေအောက်ကနေ ဒုတိယကမ္ဘာစစ်က သင်္ဘောပျက်ကြီး ပေါ်လာ

8-7-2022-02.jpg

အမေရိကန်နိုင်ငံက ရေလှောင်ကန်တစ်ခုမှာ ရေတွေ ဆက်လက်ကျဆင်းနေတာကြောင့် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယကမ္ဘာစစ်က သင်္ဘောပျက်ကြီး ပေါ်လာခဲ့ပါတယ်။ နီဗားဒါးနဲ့ အရီဇိုးနားပြည်နယ်မှာ တည်ရှိတဲ့ Lake Mead ရေလှောင်ကန်မှာပါ။ သင်္ဘောပျက်က ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်ဖွဲ့တွေကို ပို့ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ Higgins ကမ်းတက်ရေယာဉ်ဖြစ်ပါတယ်။

အမေရိကန်မှာ မိုးခေါင်မှုကြောင့် ပေါ်လာခဲ့တဲ့ သင်္ဘောပျက်

ဒီသင်္ဘောကို စစ်ပွဲအပြီးမှာ ကော်လိုရာဒိုမြစ်ကို စူးစမ်းလေ့လာဖို့ အသုံးပြုခဲ့တယ်လို့ The Las Vegas Review Journal က ဖော်ပြထားပါတယ်။ ရော့ကီတောင်တန်းတွေကနေ မက္ကဆီကိုနိုင်ငံက ကယ်လီဖိုးနီးယားပင်လယ်ကွေ့အထိ စီးဆင်းနေတဲ့ ကော်လိုရာဒိုမြစ်က Lake Mead ရေလှောင်ကန်မှာ စုဆောင်းထားတဲ့ ရေအရင်းအမြစ်ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်က သင်္ဘောပျက်ကြီး

အဲဒီသင်္ဘော နစ်မြုပ်မသွားခင် အပန်းဖြေလုပ်ငန်းတစ်ခုက အဲဒါကို ဝယ်ယူသွားခဲ့တယ်လို့ ပြည်တွင်း Scuba Diving ကုမ္ပဏီရဲ့ပြောကြားချက်အရ သိရပါတယ်။ ရေလှောင်ကန်ရဲ့အောက်ခြေ ၁၈၅ ပေ (၅၆မီတာ) ကျော်မှာ သင်္ဘောက တည်ရှိနေခဲ့တာပါ။ သင်္ဘောပျက်က လက်ရှိဖြစ်ပေါ်နေတဲ့ မိုးခေါင်ရေရှားမှုကြောင့် ပေါ်လာခဲ့တဲ့ စိတ်ဝင်စားစရာရှေးဟောင်းပစ္စည်းတွေထဲက တစ်ခုပါပဲ။

Ref: Metro “Sunken WWII shipwreck rises from the depths as savage drought lowers water levels”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top