ရိုက်တာဂျာနယ်လစ်နှစ်ယောက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လာ

reu.jpg

ရက်ပေါင်း (၅၀၀) ကျော် ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာဂျာနယ်လစ်နှစ်ဦးကတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါပြီ။ အသက် (၃၃) နှစ်အရွယ်ရှိတဲ့ ဝလုံးနဲ့ အသက် (၂၉) နှစ်အရွယ်ရှိတဲ့ ကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းက အင်းဒင်ရွာ လူသတ်မှုနဲ့ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့ကို အစိုးရလျှို့ဝှက်အက်ဥပဒေအရ စီရင်ချက်ချမှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူတို့ (၂) ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့တာဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်မှုတစ်ရပ်လို့ သတ်မှတ်ခံခဲ့ရပြီး အနောက်အုပ်စုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

” ကျွန်တော့်မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်တွေ့ရမယ့်အတွက် အရမ်းပျော်တယ်၊ အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်သတင်းခန်းကိုသွားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ဝလုံးက ပြောပါတယ်။ မေလ (၇) ရက်နေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား (၆၅၂၀) ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Ref:BBC
Photo Credit – Reuters
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top