မွမ်ဘိုင်းမြို့ဒေသ ၃ ခုရဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်သူ တစ်ဝက်ကျော် ကိုဗစ်ကူးစက်ခံရ

30-7-2020-yyl-015.jpg

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ရဲ့ ဒေသ ၃ ခုက ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်သူ တစ်ဝက်ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းထွက်ရှိနေတာ တွေ့ရတယ်လို့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ အစောပိုင်းက လူဦးရေထူထပ်တဲ့ နေရာ ၃ ခုမှာ နေထိုင်သူ ၇၀၀၀ လောက်ကို ကျပန်းဆေးစစ်မှုလုပ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ်မှာ ထုတ်ပြန်ခဲ့တာပါ။ မွမ်ဘိုင်းမြို့ရဲ့ ချမ်ဘူရ်၊ မာတန်ဂါ၊ ဒါဟီဆာ စတဲ့ ဆင်းရဲသားဒေသတွေမှာ နေထိုင်သူ ၅၇ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။

အဲဒီဒေသ ၃ ခုဟာ မွမ်ဘိုင်းမြို့ရဲ့ အနောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တည်ရှိပြီး နေထိုင်သူ ၁.၅ သန်း ရှိပါတယ်။ ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မွမ်ဘိုင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၁၈၇ ယောက် ရှိခဲ့ပါတယ်။ မွမ်ဘိုင်းမြို့မှာ လူဦးရေ ၁၂.၅ သန်း နေထိုင်တဲ့အနက် တစ်ဝက်ကျော်က ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြသူတွေပါ။ အခုတွေ့ရှိရတဲ့ စစ်တမ်းအရဆိုရင် ကိုရိုနာဗိုင်းရပ်စ်က မွမ်ဘိုင်းမြို့ ဆင်းရဲသားရပ်ကွက်တွေကို ထင်ထားတဲ့အချိန်ထက် ပိုစောပြီး ပျံ့နှံ့သွားခဲ့ဖွယ်ရှိပါတယ်။ အဲဒီဒေသရဲ့ ဆင်းရဲသားရပ်ကွက်အပြင်ဘက်မှာ နေထိုင်သူ ၁၆ ရာခိုင်နှုန်းလောက်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top