ကမ္ဘာမြေအတွက် ပျားဘေးမဲ့တော တည်ဆောက်ပေးခဲ့တဲ့ မော်ဂန်ဖရီးမန်း

17.6.2023-yyl-1.jpg

ဟောလိဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမန်းက ၁၂၄ ဧက ကျယ်ဝန်းတဲ့ သူ့ရဲ့မြင်းမွေးမြူရေးခြံကြီးကို ပျားတွေအတွက် ဘေးမဲ့တောအဖြစ် ပြောင်းလဲတည်ဆောက်ပေးခဲ့သူပါ။ သူဟာ ပျားရည် ထုတ်ဖို့ ပျားမွေးမြူခဲ့တာ မဟုတ်ပါဘူး။

”ကမ္ဘာမြေ စိုပြေဖွံ့ဖြိုးရေး၊ အပင်တွေ ကြီးထွားရှင်သန်ရေးရဲ့ အဓိကအုတ်မြစ်က ပျားတွေပဲဆိုတာ ကျွန်တော်တို့တွေ သဘောမပေါက်ကြဘူး။ ကမ္ဘာမြေမှာ ပျားတွေ ရှင်သန်နေဖို့ အားစိုက်ကြိုးပမ်းရမယ်” လို့ ၂၀၁၄ ခုနှစ် The Tonight Show စကားဝိုင်းမှာ မော်ဂန်ဖရီးမန်းက ပြောခဲ့ဖူးပါတယ်။ ပျားတွေဟာ အပင်တွေကို ဝတ်မှုန်ကူးပေးပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တည်ရှိနေကြတာပါ။

အသက် ၈၆ နှစ်အရွယ်ရှိတဲ့ မော်ဂန်ဖရီးမန်းဟာ ပျားတွေအတွက် သကြားနဲ့ ရေ ကိုယ်တိုင်ကိုယ်ကျ သွားထားပေးလေ့ရှိပြီး ပျားလှောင်အိမ်ထဲ ဝင်တဲ့အခါတိုင်း ဝတ်စုံနဲ့ ဦးထုပ် ဝတ်လေ့မရှိပေမဲ့ ပျားတုပ်ခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူဟာ ပျားတွေအတွက် တတိုင်းမွှေးပင်၊ ပန်းခရမ်း၊ ကလိုဗာ အစရှိတဲ့ အပင်တွေကိုလည်း စိုက်ပျိုးပေးခဲ့ပါသေးတယ်။

Ref: MORGAN FREEMAN SAVES HONEY BEES

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top