ဩစတြေးလျမှာ ဆုံတွေ့ခဲ့တဲ့ သရဲနဲ့ လက်ထပ်ပြီး ကလေးယူဖို့အထိ စီစဉ်နေတဲ့ အမျိုးသမီး

47142CD300000578-0-image-a-4_1512652743471.jpg

အမီသိုင်းစ် ရီအမ်း(မ်) (Amethyst Realm) က အသက် ၃၀ အရွယ် ဝိဥာဉ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ တစ်ယောက် ဖြစ်ပါတယ်။ သူက ယောက်ျားအစစ်နဲ့ လိင်ဆက်ဆံရတာထက် သရဲနဲ့က ပိုအဆင်ပြေတယ်လို့ ထင်နေတဲ့ အမျိုးသမီးဖြစ်ပြီး သရဲနဲ့ ကလေးယူလို့ ရမရ ရှာဖွေ ဖော်ထုတ်နေသူလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁ နှစ်အကြာက သက်ရှိ ယောက်ျားတွေကို ကျောခိုင်းပြီး သရဲထီးတွေနဲ့ ချစ်သူဖြစ်နေခဲ့တဲ့ ရီအမ်းက အခုလက်ရှိ သရဲထီးနဲ့ အချစ်ရေးမှာတော့ တော်တော်လေး အဆင့်တက်နေပြီ ဖြစ်ပါတယ်။ သူတို့စုံတွဲအနေနဲ့ ကိုယ်ပိုင် မိသားစုလေး ဖန်တီးနိုင်မယ့် နည်းလမ်းတစ်ခုကို မျှော်လင့်နေကြောင်းလည်း ဖော်ထုတ် ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ ရီအမ်းက လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလမှ ဝိဥာဉ်အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်ရင်း သရဲချစ်သူ အယောက် ၂၀ နဲ့ လိင်ဆက်ဆံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဩစတေးလျဘက် ခရီးသွားရင်းနဲ့မှ တကယ့် ခင်ပွန်းလောင်းအဖြစ် သင့်တော်တဲ့ သရဲထီးနဲ့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“တစ်နေ့ ကျွန်မ ခြုံပုတ်တွေကြား လမ်းလျှောက်နေတုန်းမှာ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။ ချစ်သူအသစ်ရောက်လာပြီဆိုတာ ကျွန်မသိလိုက်တယ်။” ဆိုပြီး သရဲထီးနဲ့ စတွေ့ခဲ့ရပုံကို ပြောပြခဲ့ပါတယ်။ ချစ်သူသရဲကို မမြင်ရပေမဲ့ ဆက်သွယ်နိုင်တယ်လို့တော့ ဆိုပါတယ်။ သရဲထီးဟုတ်မဟုတ် ၁၀၀ ရာခိုင်နှုန်း မသေချာပေမဲ့ နှစ်ဦးကြား အချိတ်အဆက်ရှိတယ် ဆိုတာကတော့ တကယ်ပါ လို့ ဆိုပါတယ်။

သရဲထီးက သူနဲ့အတူ UK ကို ပြန်လိုက်လာပြီး ခြောက်လလောက် တွေ့ပြီးချိန်မှာ နှစ်ဦးသားဆက်ဆံရေး ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။ “ဒါက တော်တော်လေးနက်တယ်။ ကျွန်မတို့ကတော့ ကလေးယူဖို့အထိ တွေးထားတယ်။ အခြားလူတွေအတွက် ပေါတောတောနိုင်ချင်နိုင်မယ်။ ဒါပေမဲ့ လုံးဝ မဖြစ်နိုင်ဘူးလို့တော့ ကျွန်မ မထင်ပါဘူး” လို့ ရီအမ်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက စေ့စပ်ထားတဲ့ အမျိုးသားနဲ့ ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အိမ်မှာ ပထမဆုံးချစ်သူ သရဲထီး နဲ့ဆုံတွေ့ခဲ့တာဖြစ်ပြီး အမျိုးသား အပြင်သွားနေချိန်မှာ သရဲထီးနဲ့ လိင်ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားပြန်လာတဲ့အခါ သရဲထီးက ကိုယ်ထင်ပြခဲ့အတွက် နှစ်ဦးသား ဖောက်ပြန်နေတယ် ဆိုတာကို စေ့စပ်ထားတဲ့ အမျိုးသားကတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆယ်နှစ်ကျော်လောက် သရဲအမျိုးမျိုးနဲ့ ချိန်းတွေ့ပြီး ချိန်မှာတော့ သရဲတစ်ယောက်နဲ့ အတည်တကျ တွဲမှဖြစ်တော့မယ်လို့ ရီအမ်း တွေးခဲ့ပါတယ်။ ဒါကြောင့် လက်ရှိသရဲထီးနဲ့ ကလေးယူပြီး မိသားစုဘဝ ထူထောင်ဖို့အထိ စီစဉ်နေတာဖြစ်ပါတယ်။

ပြင်သစ်က ပါမောက္ခ ဆရာဝန် ပြောကြားချက်အရတော့ လူဦးရေ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိမှာ အိပ်နေရင်း လှုပ်လို့မရတော့သလို ခံစားချက်မျိုး ဖြစ်ဖူးကြတယ်လို့ သိရပါတယ်။ အိပ်တစ်ဝက် နိုးတစ်ဝက်လို ဖြစ်နေရင်း လှုပ်လို့မရတဲ့ ခံစားချက်မျိုး ဖြစ်လာတာပါ။ လူဦးရေ ရာခိုင်နှုန်း အနည်းငယ်မှာဆိုရင် သူတို့အိပ်ခန်းထဲမှာ တစ်ယောက်ယောက် ဒါမှမဟုတ် အရာတစ်ခုခု တူတူရှိနေသလိုမျိုး ကြောက်လန့်စရာ ခံစားနေရတာ ဖြစ်ပါတယ်။

အရိပ်မည်းမည်းမြင်တဲ့အခါ အာရုံခြောက်ခြားပြီး ခြေသံကြားတဲ့အခါ စိတ်ခြောက်ခြားလာသလို ခံစားမှုမျိုး ဖြစ်တာဖြစ်ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ကိုင်ဆုပ်ထားခြင်းမျိုး၊ လည်ပင်းနားကနေ ကပ်ပြီး အသက်ရှူသံ ကြားခြင်းမျိုး၊ အိပ်ရာပေါ်ကနေ ဆွဲချသွားသလိုမျိုး ခံစားချက်တွေ ဖြစ်ပါတယ်။ အိပ်နေစဉ် အတောအတွင်းမှာ အကြောင်းအရာတွေက ထင်ထင်ရှားရှား ဖြစ်ပျက်နေသလိုမျိုးကို ခံစားနေရတာပဲဖြစ်ပါတယ်။

Ref: dailymail“ Counsellor, 30, who claims to only ‘have sex with GHOSTS’ reveals she’s in a ‘serious’ relationship with a spirit she met in Australia – and she plans to have a ‘baby’ with him”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top