လူထူးဆန်းတစ်ဦးကြောင့် ယာယီပိတ်ထားလိုက်ရတဲ့ အီဖယ်မျှော်စင်

8ff4fc311c3d4ff8bdfdb85ef4754e4b.jpg

တနင်္လာနေ့ကတော့ ပဲရစ်မြို့က ရဲတွေ၊ မီးသတ်သမားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနကလုပ်သားတွေ ပျာယာခတ် အလုပ်ရှုပ်သွားခဲ့ကြရပါတယ်။ ဒါ့အပြင် ပဲရစ်မြို့ရဲ့အမှတ်အသား ကမ္ဘာကျော် အီဖယ်မျှော်စင်ကြီးဟာလည်း ပုံမှန်ဖွင့်လှစ်ထားရမယ့်အချိန်မျိုးမှာ ရုတ်တရက် ပိတ်ထားလိုက်တာကြောင့် လည်ပတ်သူတွေပါ ဇဝေဇဝါဖြစ်ကုန်ခဲ့ကြတာပါ။

ပုံမှန်ဖွင့်လှစ်ထားရမယ့်အချိန်မျိုးမှာ ရုတ်တရက် ပိတ်ထားလိုက်တာကြောင့် လည်ပတ်သူတွေပါ ဇဝေဇဝါဖြစ်ကုန်ခဲ့ကြ

ဒီလိုတွေဖြစ်သွားခဲ့ရတဲ့နောက်ကွယ်မှာ ထူးဆန်းတဲ့အကြောင်းရင်းခံတစ်ခုရှိနေပါတယ်။ အဲဒါကတော့ အမျိုးသားတစ်ယောက်က ပေ (၉၀၀) အမြင့်ရှိတဲ့ အီဖယ်မျှော်စင်ကြီးပေါ်ကို တွယ်တက်ရောက်ရှိနေတာကို သိလိုက်ကြရလို့ပါပဲ။

အမျိုးသားတစ်ယောက်က ပေ (၉၀၀) အမြင့်ရှိတဲ့ အီဖယ်မျှော်စင်ကြီးပေါ်ကို တွယ်တက်ရောက်ရှိနေ

“မျှော်စင်ပေါ်ကို ဘယ်ကမှန်း၊ ဘယ်သူမှန်းမသိရသေးတဲ့လူတစ်ယောက် တွယ်တက်ရောက်ရှိနေလို့ မျှော်စင်ကို အထူးကြေညာချက်တစ်ခုခု မထုတ်ပြန်သေးခင်အထိ ပိတ်ထားရဦးမှာပါ” လို့ မျှော်စင်ရဲ့တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ညနေ (၄) နာရီမှာ ပြောခဲ့ပါတယ်။

ဝတ်စုံပြည့်နဲ့ ကယ်ဆယ်ရေးသမားတွေဟာ မျှော်စင်အမြင့်ရဲ့ သုံးပုံနှစ်ပုံလောက်က ရက်မပေါ်မှာရောက်ရှိတွယ်ကပ်နေတဲ့ အဲဒီလူဆီ တဖြည်းဖြည်းချဉ်းကပ်သွားခဲ့ကြ

ဝတ်စုံပြည့်နဲ့ ကယ်ဆယ်ရေးသမားတွေဟာ မျှော်စင်အမြင့်ရဲ့ သုံးပုံနှစ်ပုံလောက်က ရက်မပေါ်မှာရောက်ရှိတွယ်ကပ်နေတဲ့ အဲဒီလူဆီ တဖြည်းဖြည်းချဉ်းကပ်သွားခဲ့ကြပါတယ်။ လာရောက်လည်ပတ်သူတွေကလည်း ကြုံတောင့်ကြုံခဲ ဒီဖြစ်ရပ်ကို မျှော်စင်အောက်ကနေ ရင်တမမနဲ့ ဝိုင်းအုံကြည့်ရှုနေခဲ့ကြပါတယ်။

ရဲတွေက မျှော်စင်ပေါ်ကလူပြန်ဆင်းလာဖို့ သူနဲ့ စေ့စပ်ညှိနှိုင်းခဲ့

ရဲတွေက မျှော်စင်ပေါ်ကလူပြန်ဆင်းလာဖို့ သူနဲ့ စေ့စပ်ညှိနှိုင်းခဲ့ကြပြီး လာရောက်လည်ပတ်သူတွေကိုတော့ ဖြစ်စဉ်ပြီးဆုံးတဲ့အထိစောင့်ဆိုင်းမနေဘဲ နောက်မှလာရောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလည်း လိုအပ်တဲ့ပြင်ဆင်မှုအပြည့်နဲ့ အောက်မှာ အသင့်စောင့်ဆိုင်းနေခဲ့ကြတာပါ။

အီဖယ်မျှော်စင်မှာ ဒီလြိုဖစ်ရပ်မျိုးဖြစ်ပွားတာက ဒါပထမဆုံးတော့မဟုတ်သေးပါဘူး။ ၂၀၁၇ ခုနှစ်တုန်းကလည်း လူငယ်တစ်ဦးဟာ မျှော်စင်ရဲ့ ရက်မပေါ်ကနေခုန်ချပြီးသေကြောင်းကြံစည်ဖို့အားထုတ်ခဲ့ဖူးလို့ ရဲတွေက ဖျောင်းဖျပြီး ပြန်ဆင်းခိုင်းခဲ့ရပါသေးတယ်။

ပုံမှန်အားဖြင့် အမျိုးမျိုးသောလုံခြုံရေးဆိုင်ရာအကြောင်းတွေကြောင့် အီဖယ်မျှော်စင်ရဲ့ ပတ်ပတ်လည်မှာ လုံခြုံရေးတွေကို အမြဲထားရှိ

ပုံမှန်အားဖြင့်အာဏာပိုင်တွေဟာ အမျိုးမျိုးသောလုံခြုံရေးဆိုင်ရာအကြောင်းတွေကြောင့် အီဖယ်မျှော်စင်ရဲ့ ပတ်ပတ်လည်မှာ လုံခြုံရေးတွေကို အမြဲထားရှိတတ်ပါတယ်။ ဒါပေမဲ့ အခုဖြစ်ရပ်ကလူကတော့ လုံခြုံရေးတွေရဲ့မျက်စီအောက်ကနေ ဘယ်လိုမျိုးလွတ်သွားခဲ့ပြီး ဘာစိတ်ကူးနဲ့တက်ခဲ့သလဲဆိုတာ သူ့ကိုအောက်ပြန်ရောက်အောင်ခေါ်နိုင်ခါမှ သိကြရမှာပါ။

Ref: DailyMail “Eiffel Tower is CLOSED as man climbs more than halfway up”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top