နည်းပညာကုမ္ပဏီ ၂ ခုကို ဦးစီးရင်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ၁၄ နှစ်သား

16.6.2023-yyl-17.jpg

၁၄ နှစ်သား မိုက်ဝင်မာဟာ နည်းပညာ ကုမ္ပဏီနှစ်ခုကို ဦးစီးနေရင်း ကာရိုလိုင်းနားတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါပြီ။ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်တဲ့ မိုက်ဝင်မာဟာ ဉာဏ်ရည်မြင့်သူများအဖွဲ့ဝင် (Mensa) တစ်ဦးဖြစ်ပါတယ်။ သူဟာ ၃ နှစ်တာ အချိန်အတွင်း အထက်တန်းအဆင့်နဲ့ တက္ကသိုလ်ပညာရေး ပြီးမြောက်အောင်မြင်ခဲ့တာပါ။

မိုက်ဝင်မာဟာ မှတ်ဉာဏ်တုနည်းပညာနဲ့ machine learning အပိုင်း ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်လို့ အမေရိကန်စစ်တပ်ရဲ့ အလုပ်ကိစ္စတချို့ကို ပါဝင်ဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာမြူဒါအခြေစိုက် ရေအောက်ဂေဟစနစ်ကို ကာကွယ်ရေးအဖွဲ့ Atlantic Lionshare အတွက်လည်း ရေနတ်သမီး (Lionfish)တွေကို ခြောက်လှန့်မောင်းထုတ်ပေးတဲ့ ALFREDD လို့ အမည်ရတဲ့ မှတ်ဉာဏ်တုစက်တစ်ခု တည်ဆောက်ပေးခဲ့သူပါ။

သူဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ထက် သာလွန်တဲ့ ဉာဏ်ရည်မျိုးရှိပြီး အလုပ်များလွန်းပေမဲ့ ကလေးတစ်ယောက်သာ ဖြစ်တာကြောင့် တစ်နေ့တာအချိန်ထဲမှာ သူ့ကိုယ်ပိုင်အချိန် ဖယ်ထားပြီး ပုံမှန်ဂိမ်းကစားလေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း ရေကူးတာ၊ ဘတ်စကတ်ဘော ကစားတာ၊ လီဂိုအရုပ်ဆက်တာတွေ ကစားတတ်ပါတယ်။

Ref: 14-year-old finished high school and college in 3 years while running 2 companies—why video games are part of his routine

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top