ဗိုက်ကအဆီတွေ ဖယ်ရှားဖို့အတွက် အကူအညီပေးတဲ့ မနက်ခင်းနည်းလမ်းတွေ

29-1-2021-yyl-32.jpg

ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး လူတော်တော်များများက ဂရုစိုက်နေကြရပါတယ်။ ကိုယ်အလေးချိန်တက်လာတာနဲ့ ခန္ဓာကိုယ်မှာ အဆီတွေများလာတတ်ပါတယ်။ အဆီတွေများလာမယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါလို ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လူအများစုကြုံတွေ့နေရတာကတော့ ဗိုက်မှာ အဆီတွေများလာတဲ့ပြဿနာပါပဲ။ ဗိုက်ကအဆီတွေကျသွားချင်ရင်တော့ မနက်ခင်းအလေ့အထတချို့ရှိပါတယ်။ မနက်ခင်းပိုင်းမှာ အဲဒါတွေကို လိုက်နာနိုင်မယ်ဆိုရင် ဗိုက်ကအဆီတွေ ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။

မနက်ခင်းမှာ အလျင်မလိုပါနဲ့

မနက်ခင်းဆို ကျွန်တော်တို့အများစုဖြစ်တတ်တာက အလုပ်နောက်မကျဖို့အတွက် အလျင်လိုနေတတ်ကြတာပါပဲ။ အဲဒီလိုဖြစ်မယ်ဆိုရင် စိတ်ဖိစီးလာပါလိမ့်မယ်။ အဲဒီကနေ ထုတ်လွှတ်လိုက်တဲ့ကော်တီဆုန်းဟော်မုန်းက ခန္ဓာကိုယ်မှာ အဆီတွေတိုးလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့အဓိကအစိတ်အပိုင်းနေရာတွေမှာ အဆီတွေတိုးလာနိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ ဒါကြောင့် မနက်ခင်းစောစောထားပြီး အလျင်မလိုဘဲ အေးအေးဆေးဆေးနဲ့ မနက်ခင်းကို ဖြတ်ကျော်ဖို့ ကြိုးစားကြည့်ပါ။

Workout အသေးစားတွေ လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကလည်း ဗိုက်ကအဆီတွေကို ကျစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ မနက်ခင်းမှာ အရင်ဆုံး လေ့ကျင့်ခန်းလုပ်တာက စွမ်းအင်တွေလည်း ရနိုင်ပါတယ်။ မနက်ခင်းမှာ ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ဗိုက်အဆီတွေ လျော့ချဖို့အတွက် အကူအညီဖြစ်စေမှာဖြစ်ပါတယ်။

ပရိုတင်းနဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ မနက်စာကို စားပါ

ပရိုတင်းဓာတ်ကို ပိုစားပေးတာက ဗိုက်အဆီတွေကို လျော့နည်းစေတယ်လို့ လေ့လာချက်က ဆိုပါတယ်။ မနက်ခင်းအစာအစားမှာ အသား၊ ငါး၊ ကြက်ဥ၊ ပဲတွေပါဝင်သင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်မြင့်မားမှုကလည်း ဗိုက်အဆီလောင်ကျွမ်းဖို့အတွက် ကောင်းတဲ့သက်ရောက်မှုပါပဲ။

ဖျော်ရည်အစား ရေသောက်ပါ

တချို့လူတွေက မနက်စာအနေနဲ့ အသီးဖျော်ရည် (ဒါမှမဟုတ်) အချိုရည်တစ်ခုခုသောက်တတ်ကြပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အလေ့အထမဟုတ်ပါဘူး။ ဖျော်ရည်ကို နေ့တိုင်းသောက်မယ်ဆိုရင် ဗိုက်ကအဆီတွေ များလာနိုင်ပါတယ်။ သကြားများတဲ့အချိုရည်က အသည်းမှာလည်း အဆီတွေများလာနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ဖျော်ရည်သောက်မယ့်အစားရေသောက်ပေးသင့်ပါတယ်။

Green Tea သောက်ပါ

တချို့လူတွေက မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်တတ်ကြပါတယ်။ ကော်ဖီအစား Green Tea သောက်မယ်ဆိုရင် ဗိုက်အဆီတွေ လျော့ချတဲ့နေရာမှာ အကူအညီဖြစ်နိုင်ပါတယ်။

Ref: Morning Hacks to Burn Belly Fat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top