တရားလွှတ်တော်ချုပ်ရုံးသို့သွားရာလမ်းများ လုံခြုံရေးတင်းကြပ်ထား

29-1-2021-yyl-27.jpg

တရားလွှတ်တော်ချုပ်ရုံးကို သွားရာလမ်းတွေကို လုံခြုံရေးတင်းကြပ်ထားပြီး၊ လုံခြုံရေးဂိတ်များအနီးအထိ ဝန်းရံသူတွေက မော်တော်ယာဉ်တွေနဲ့ လှည့်လည် အင်အားပြခဲ့ကြပါတယ်။
လုံခြုံရေးဂိတ်အနီးမှာ ပြည်ခိုင်ဖြိုးပါတီအလံတွေလွှင့်ထားတဲ့ ယာဉ်အစီးရေ (၅၀) ခန့် က ပါတီကိုထောက်ခံတဲ့ သီချင်းတွေနဲ့ တပ်မတော်ကိုထောက်ခံတဲ့ သီချင်းတွေဖွင့်ပြီး လှည့်လည်ခဲ့ကြတာပါ။

လှည့်လည်ရာမော်တော်ယာဉ်တွေမှာ ဒီမိုကရေစီအရေခြုံ သူခိုးအာဏာရှင်အစိုးရ လုံးဝအလိုမရှိ ၊ မျိုးချစ်ရဲတပ်ဖွဲ့ဝင်များ မျိုးချစ်နိုင်ငံ့ဝန်ထမ်းများအမျိုးသားရေး အန္တရာယ်ဆိုးကြီးကို ပူးပေါင်းပါဝင် ကာကွယ်ပေးကြပါ၊ မျိုးစောင့်ဥပဒေကို ဖျက်သိမ်းသည့်အစိုးရ ဒို့လုံးဝအလိုမရှိ၊ ပြည်ပအားကိုး ပုဆိန်ရိုး မျိုးချစ်စိတ်ကိုဖျက်ဆီးသူ ဒို့အားလုံးဝိုင်းဝန်းချေမှုန်းကြ စတဲ့ စာတန်းပါ ဗွီနိုင်းတွေကို ချိတ်ဆွဲထားတာပါ။

ငြိမ်းချမ်းအောင် ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top