အရေအပြား ကျန်းမာရေး အတွက် မှီဝဲရန် အစားအသောက် ၃ မျိုး

tomato-33AQ56S.jpg

raw tomato, tomato cherry on black board

အရေအပြားဟာ လူသားတွေမှာ ပါဝင်တဲ့ အများဆုံးထဲက အစိတ်အပိုင်း တစ်ခု ဖြစ် ပါတယ်။ ပြီးတော့ ဂရုစိုက်ရတာ အလွယ်ဆုံး ဖြစ်သလို၊ အခက်ခဲဆုံးလည်း ဖြစ်နိုင် ပါတယ်။ အရေအပြားလှရုံနဲ့တင် မိမိရဲ့ လှပ ကျန်းမာမှုကို အများက အမှတ်ကောင်းကောင်း ပေးကြ မှာ ဖြစ်ပါတယ်။ ဒီတော့ အရေးအကြီးဆုံး ဖြစ်တဲ့ Skin ကျန်းမာရေး အတွက် စားသုံးရန် အစားအသောက် များကို မျှဝေ ပေးလိုက် ရပါတယ်။

၁။ လိမ္မော်သီး

လိမ္မော်သီးဟာ ဗင်တာမီ စီ ဓာတ် ပြည့်ဝပြီး သေဆုံးသွားတဲ့ အရေအပြားက ဆဲလ်တွေကို ပြန်လည် ရှင်သန် စေ ပါတယ်။ ရှိရင်းစွဲကို ထိန်းသိမ်း ပေး ပါတယ်။ အရွယ်မတိုင် အိုမင်းခြင်းကို ကာကွယ်း ပေးသလို၊ အရေအပြားကို အရောင်အသွေး လှပစေမှာ ဖြစ်ပါတယ်။ နောက်ထပ် ပါဝင်သေးတဲ့ ဗင်တာမင် ဘီ ဟာ ခရမ်းလွန်ရောင်ခြည် ကြောင့် အရေအပြား ပျက်ဆီးခြင်း မဖြစ်အောင် ကာကွယ် ပေး ပါတယ်။

၂။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ lycopene ဓာတ်ဟာ အရေအပြား နေလောင်ခြင်းနဲ့ အရွယ်မလွန်ခင် အိုမင်းခြင်းကို မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အက်ဆစ် ဓာတ်ကလည်း အရေအပြားမှာ အဖုထခြင်း၊ ဝက်ခြံ ပေါက်ခြင်းတို့ မဖြစ် အောင် ကာကွယ်ပေး ပါတယ်။

၃။ ရေနွေးကြမ်း (ခါးရည်)

လက်ဘက်ခြောက် ထည့်သောက်ရတဲ့ ရေနွေးကြမ်းမှာ antioxidant ဓာတ် များစွာ ပါဝင်ခြင်း အရည်အပြားကို လှပစေ ပါတယ်။ အရေအပြားအပေါ် အခြေခံလို့ ဖြစ်နိုင်တဲ့ အဖု၊ အနာ အမျိုမျိုး မဖြစ်အောင် ကာကွယ်ပေးတဲ့ အပြင် အရေအပြား ကင်ဆာ မဖြစ်အောင် Green Tea ကို တစ်ရက် ရေနွေးကြမ်း ၂ ခွက်စာ ပုံမှန်သောက်သုံး သင့်ကြောင်း လမ်းညွန် ထားပါတယ်။

Ref: positivemad

အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top